News
ရှီကျင့်ဖိန် က “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Plus” အစည်းအဝေးအား ကြီးမှူးကျင်းပ၍ အရေးကြီးမိန့်ခွန်းပြောကြား

ထျန်းကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Plus” အစည်းအဝေးကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့ မေကျန်း ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ စက်တင်ဘာ ၁ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပ၍ “SCO အင်အားကို စုစည်း၍ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုအား ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်းပြောကြားခဲ့သည်။
ထိုသို့ မိန့်ခွန်းပြောကြားရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှင့် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်သလို သမိုင်းကို မှတ်သား၍ အနာဂတ်ကို အတူဖွင့်လှစ်ကြရမည့် အရေးကြီး အခါသမယလည်း ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ မတိုင်မီက ကမ္ဘာ့စစ်ပွဲကြီးနှစ်ကြိမ်၏ ကပ်ကြီးဆိုက်မှုကြောင့် နိုင်ငံတကာအသိုက်အဝန်းကို ကြေကွဲဝမ်းနည်းဖွယ်သင်ခန်းစာဖြစ်စေရာ ကုလသမဂ္ဂအဖွဲ့အစည်းသည် အချိန်အခါသင့် ပေါ်ပေါက်လာပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ စာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ နှစ်ပေါင်း ၈၀ ကြာပြီးနောက် ကမ္ဘာကြီးသည် ကစဉ့်ကလျားနှင့် ပြုပြင်ပြောင်းလဲမှုကာလသစ်သို့ ရောက်ရှိလာရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုမှာ လမ်းဆုံသစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ အခက်အခဲ အကျပ်အတည်း ပို၍ များပြားလာလေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၏ မူလရည်ရွယ်ချက်ကို ပို၍ လက်ကိုင်ထားရလေ ဖြစ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သည့် ယုံကြည်ချက်ကို ခိုင်မာစွာ ထားရှိရမည် ဖြစ်ခြင်း၊ သမိုင်း၏ တိုးတက်မှု လောဂျစ်နှင့်အတူ အရှေ့သို့ တက်လှမ်းမှု၊ ခေတ်ကာလတိုးတက်မှု၏ ဒီရေလှိုင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်အောင် အခိုင်အမာ ဆောင်ရွက်ရမည် ဖြစ်ခြင်းကို ရာဇဝင်သမိုင်းက ကျွန်ုပ်တို့ကို ပြောပြခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့်အတူ ပို၍ တရားမျှတမှု၊ ကျိုးကြောင်းဆီလျော်မှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တွန်းအားပေးတည်ဆောက်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းသို့ လက်တွဲအတူ တက်လှမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပေါ် ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ကို အဆိုပြုခဲ့ရာ အောက်ပါအတိုင်း ဖြစ်သည်။
ပထမအနေဖြင့် အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လက်ကိုင်ထားကျင့်သုံးရမည်ဖြစ်သည်။ နိုင်ငံအသီးသီးသည် နိုင်ငံအရွယ်အစား၊ ခွန်အားနှင့် ချမ်းသာ၊ ဆင်းရဲ မည်သို့ပင်ဖြစ်စေ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် တန်းတူညီမျှပါဝင်မှု၊ တန်းတူညီမျှ ဆုံးဖြတ်မှု၊ တန်းတူညီမျှ အကျိုးခံစားမှု ရှိခြင်းကို ခိုင်မာစွာလက်ကိုင်ထားရမည်ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ကို တွန်းအားပေး၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို မြှင့်တင်ရမည်ဖြစ်သည်။
ဒုတိယအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရမည်ဖြစ်သည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူ စသည့် အများလက်ခံအသိအမှတ်ပြုထားသော နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများကို ဘက်စုံ အပြည့်အဝ၊ ပြည့်စုံစွာ လေးစားလိုက်နာရမည်ဖြစ်သည်။ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများသည် တန်းတူညီမျှ တစ်သမတ်တည်းကျစွာ အသုံးပြုရန်သင့်လျော်မှုကို သေချာစေရမည်ဖြစ်ပြီး “စံနှုန်းနှစ်မျိုးထားခြင်း” မပြုရသလို အနည်းစုသော နိုင်ငံများ၏ “အိမ်စည်းမျဉ်းစည်းကမ်း” များကို အခြားသူအပေါ် အတင်းအဓမ္မချမှတ်ထားခြင်း မပြုရပေ။
တတိယအနေဖြင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ဖော်ဆောင် ရမည်ဖြစ်သည်။ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ကို ခိုင်မာစွာ လက်ကိုင်ထားကာ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရမည်ဖြစ်သည်။ တစ်ဖက်သတ်ဝါဒကို ဆန့်ကျင်၍ ကုလသမဂ္ဂ၏ အနေအထားနှင့် ဩဇာအရှိန်အဝါကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် ကုလသမဂ္ဂ၏ အစားထိုးမရသည့် အခန်းကဏ္ဍကို ခိုင်မာမြဲမြံစေရမည် ဖြစ်သည်။
စတုတ္ထအနေဖြင့် လူထုဗဟိုပြုချဉ်းကပ်မှုကို အဆိုပြုရမည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို ကောင်းမွန်ပြည့်စုံအောင် ပြုပြင်ပြောင်းလဲကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် နိုင်ငံအသီးသီးပြည်သူများ အတူတကွ ပါဝင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ အောင်မြင်မှုရလဒ်များကို အတူတကွ မျှဝခံစားနိုင်ရေးတို့အား သေချာစေပြီး လူသားမျိုးနွယ် လူမှုအသိုက်အဝန်း ရင်ဆိုင်နေရသည့် ဘုံစိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ တောင်-မြောက် ဖွံ့ဖြိုးတိုးတက်မှု ခြားနားချက်ကြီး ပိုမိုကောင်းမွန်စွာ ရင်ကြားစေ့နိုင်စေရန်၊ ကမ္ဘာ့နိုင်ငံအသီးသီး ဘုံအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။
ပဉ္စမအနေဖြင့် လှုပ်ရှားမှု၏ဦးတည်ချက်ကို အာရုံစိုက်ဂရုပြုရမည်ဖြစ်သည်။ စနစ်တကျ စီမံချက်ရေးဆွဲခြင်း၊ အလုံးစုံ တွန်းအားပေးခြင်းကို ခိုင်မာစွာ လက်ကိုင်ထားပြီး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများကို တစ်စုတစ်စည်းတည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သလို ဘက်စုံအရင်းအမြစ်များကို အပြည့်အဝ စုစည်းကာ ပို၍ ထင်သာမြင်သာရှိသော အောင်မြင်မှုရလဒ်များကို တည်ဆောက်ရမည်ဖြစ်သည်။ လက်တွေ့ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် စီမံခန့်ခွဲမှုကြန့်ကြာခြင်းနှင့် အပိုင်းပိုင်းအစစဖြစ်ခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်သည်။
ရှီကျင့်ဖိန်က နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး စည်းစနစ်များ ပို၍ ဒီမိုကရေစီဖြစ်မှု၊ တရားမျှတမှု၊ ကျိုးကြောင်းဆီလျော်မှုရှိသော ဦးတည်ချက်သို့ တိုးတက်စေရေးကို တွန်းအားပေးဆောင်ရွက်ရန် SCO အဖွဲ့၏ တည်ထောင်သည့် ကြေညာချက်နှင့် ပဋိညာဉ်စာတမ်းတွင် ရှင်းလင်းတိကျစွာ ဖော်ပြထားကြောင်း အလေးထားပြောကြားခဲ့သည်။
၂၄ နှစ်ကြာကာလတွင် SCO အနေဖြင့် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှရှိမှု၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ အမျိုးစုံလင်သည့် ယဉ်ကျေးမှုများအား လေးစားမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုအား ကြိုးပမ်းမှု ဟူသော “ရှန်ဟိုင်းစိတ်ဓာတ်” ကို လက်ကိုင်ထားလျက်ရှိကြောင်း၊ ဒေသတွင်းကိစ္စရပ်များအား အတူညှိနှိုင်းဆွေးနွေးခြင်း၊ ပလက်ဖောင်းယန္တရားအား အတူတည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ခြင်း အောင်မြင်မှုရလဒ်များအား မျှဝေခြင်းကို ခိုင်မာစွာဆောင်ရွက်ခဲ့သလို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အယူအဆသစ်များစွာကို အဆိုပြု၍ ဖော်ဆောင်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး၏ တက်ကြွသည့် တွန်းအားဖြစ်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်နေသည့် ကမ္ဘာ့ရာစုနှစ်အပြောင်းအလဲကြီးကို ရင်ဆိုင်ရာတွင် SCO အနေဖြင့် ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်ကာ ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးကို ကာကွယ်ထိန်းရန်အတွက် “SCO အင်အား” ဖြင့် အကျိုးဆောင်ရမည်ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်အတွက် “SCO တာဝန်ယူမှု” ကို ပြသရမည်ဖြစ်ကြောင်း၊ လူသားမျိုးနွယ် ဘုံစံတန်ဖိုးကို မြှင့်တင်ရန်အတွက် “SCO စံနမူနာ” ကို စိုက်ထူရမည်ဖြစ်သလို နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်စောင့်ရှောက်ရန်အတွက် “SCO လှုပ်ရှားမှု” ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ကို ဖော်ဆောင်သည့် စံပြနမူနာအဖြစ် ကောင်းမွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ တာဝန်ဝတ္တရားနှင့် ကျင့်ဝတ်များကို ရဲဝံ့စွာ ထမ်းရွက်စောင့်ထိန်း၍ အမှန်တရားဓမ္မလမ်းစဉ်ကို ခိုင်မာစွာ ကျင့်သုံးသွားပြီး မှန်ကန်သော ဒုတိယကမ္ဘာစစ်အမြင်အား ပြန့်ပွားအောင် လုပ်ဆောင်သွားလိုကြောင်း၊ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းရလဒ်အား ခိုင်မာစွာ ကာကွယ်၍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှု တွန်းအားပေးခြင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးခြင်း၏ ရလဒ်ဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးအား ပိုမိုကောင်းမွန်စွာနှင့် ပိုမိုများပြားစွာ အကျိုးပြုစေလိုကြောင်း ရှီကျင့်ဖိန်က နောက်ဆုံးတွင် အလေးထား ပြောကြားခဲ့သည်။
အထက်ပါ အစည်းအဝေးသို့ SCO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို၊ အီရန်နိုင်ငံ သမ္မတ Masoud Pezeshkian ၊ ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်ဂျိုမတ် တိုကာယာ၊ ကာဂျစ်စတန်နိုင်ငံ သမ္မတ Sadyr Japarov ၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် ရှာဘတ်စ် ရှာရစ်ဖ်၊ ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်၊ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon ၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev နှင့် အိန္ဒိယကိုယ်စားလှယ်၊ လေ့လာသူနိုင်ငံ မွန်ဂိုလီးယားနိုင်ငံ သမ္မတ Ukhnaa Khurelsukh ၊ ဆွေးနွေးဖက်နိုင်ငံ အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ Ilham Aliyev ၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်၊ လာအိုနိုင်ငံ ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ Thongloun Sisoulith ၊ မော်လ်ဒိုက်နိုင်ငံ သမ္မတ Mohamed Muizzu ၊ မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင်၊ နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ၊ တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်၊ အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Mostafa Madbouly ၊ အိမ်ရှင်နိုင်ငံ၏ ဧည့်သည်တော်များဖြစ်သည့် တာ့မင်နစ္စတန်နိုင်ငံ သမ္မတ Serdar Berdimuhamedov ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh ၊ အင်ဒိုနီးယားနိုင်ငံ သမ္မတ ကိုယ်စားလှယ်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၊ SCO အမြဲတမ်းအဖွဲ့အစည်း တာဝန်ရှိပုဂ္ဂိုလ်နှင့် အခြား နိုင်ငံတကာအဖွဲ့အစည်းနှင့် နိုင်ငံစုံယန္တရား တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။
ဘက်အသီးသီးက ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား များစွာတန်ဖိုးထား ချီးကျူး၍ အပြုသဘောဆောင်စွာ ထောက်ခံအားပေးခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု လိုအပ်ချက် တိုးပွားလာခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုက စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရခြင်း၊ တစ်ဖက်သတ်ဝါဒများ ဦးမော့လာခြင်း၊ ကုလသမဂ္ဂ၏ ဩဇာလွှမ်းမိုးမှုနှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ ထိုးနှက်ခံရခြင်းတို့ကြောင့် ကမ္ဘာကြီးသည် ပိုမိုထိရောက်မှုရှိသည့် စီမံခန့်ခွဲမှု အယူအဆနှင့် စီမံခန့်ခွဲမှုစနစ်အား အရေးတကြီး လိုအပ်လျက်ရှိကြောင်း ယူဆကြသည်။
ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းနှင့် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၈၀ ပြည့် အခါသမယတွင် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အဆိုပြုခြင်းသည် အချိန်အခါနှင့်ကိုက်ညီကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် အာဏာနိုင်ငံရေးအယူအဆကို ဖယ်ရှားကာ ကုလသမဂ္ဂက ဗဟိုပြုအခန်းကဏ္ဍမှ ပါဝင်ခြင်းကို ထောက်ခံအားပေးထားကြောင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု၊ အတူတကွ စီမံခန့်ခွဲမှု၊ အတူတကွ အကျိုးခံစားရမှုအား အဆိုပြုကာ လက်ရှိကမ္ဘာကြီး၏ အရေးတကြီးပြဿနာအား ဖြေရှင်းရန်အတွက် တရုတ်ဉာဏ်ပညာနှင့် တရုတ်နည်းလမ်းများဖြင့် အကျိုးထမ်းဆောင်ပေးလိုက်ကြောင်း ၎င်းတို့က ဆိုသည်။
SCO က “ရှန်ဟိုင်းစိတ်ဓာတ်” အား ကျင့်သုံးသည့် အောင်မြင်သော လက်တွေ့လုပ်ဆောင်ချက်သည် မတူညီသောနိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုများ လုံးဝဥဿုံ ဖော်ဆောင်နိုင်သည်ကို အပြည့်အဝ သက်သေထူလိုက်ကြောင်း၊ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံလာစေရန်အတွက် စံနမူနာပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ဘက်အသီးသီးအနေဖြင့် ချိတ်ဆက်မှုနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှု၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး စသည့်ကဏ္ဍများ၌ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်ဝါဒ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အွန်လိုင်းပြစ်မှုကျူးလွန်မှုတို့အား ပူးပေါင်းအင်အားဖြင့် တိုက်ဖျက်ရန်၊ ပြည်သူအချင်းချင်း ဖလှယ်မှုအား တိုးမြှင့်ခြင်းဖြင့် ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုအား မြှင့်တင်ရန်၊ SCO ၏ ဩဇာအရှိန်အဝါအား တစ်ဆင့်တိုး အသုံးပြု၍ ကမ္ဘာကြီး ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှု၊ တိုးတက်မှုလုပ်ငန်းအား အတူတကွမြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။
ရှီကျင့်ဖိန်နှင့် အစည်းအဝေးတက်ရောက်လာသော ဘက်အသီးသီး အကြီးအကဲများက အာဖဂန်နစ္စတန်နိုင်ငံ၌ ထိုနေ့နံနက်ပိုင်းတွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့်အပေါ် စိုးရိမ်ဂရုပြုကြောင်း၊ အာဖဂန်နစ္စတန်ဘက်အား နှစ်သိမ့်အားပေးကြောင်း၊ အာဖဂန်နစ္စတန်ပြည်သူများအနေဖြင့် ဆောလျင်စွာ အခက်အခဲအား ကျော်ဖြတ်နိုင်ပြီး မိသားစုဥယျာဉ်အား ပြန်လည်တည်ဆောက်နိုင်ရန် ဆုမွန်ကောင်း တောင်းပေးအပ်ကြောင်း ပြောကြားခဲ့သည်။
အထက်ပါအစည်းအဝေးသို့ ချိုက်ချီ၊ ဝမ်ရိတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
上合组织天津峰会|习近平主持“上海合作组织+”会议并发表重要讲话
新华社天津9月1日电(记者王建华、杨依军)9月1日下午,“上海合作组织+”会议在天津梅江会展中心举行。国家主席习近平主持会议并发表题为《凝聚上合力量 完善全球治理》的重要讲话。
习近平指出,今年是世界反法西斯战争胜利和联合国成立80周年,是铭记历史、共创未来的重要时刻。80年前,两次世界大战的浩劫让国际社会痛定思痛,联合国应运而生,全球治理掀开新的一页。80年后,世界进入新的动荡变革期,全球治理走到新的十字路口。历史告诉我们,越是困难时刻,越要秉持和平共处的初心,坚定合作共赢的信心,坚持在历史前进的逻辑中前进、在时代发展的潮流中发展。中方愿同各国一道,推动构建更加公正合理的全球治理体系,携手迈向人类命运共同体。
为此,习近平提出全球治理倡议:
第一,奉行主权平等。坚持各国无论大小、强弱、贫富,都在全球治理中平等参与、平等决策、平等受益。推进国际关系民主化,提升发展中国家的代表性和发言权。
第二,遵守国际法治。全面、充分、完整遵守联合国宪章宗旨和原则等公认的国际关系基本准则,确保国际法和国际规则平等统一适用,不搞“双标”,不将少数国家的“家规”强加于人。
第三,践行多边主义。坚持共商共建共享的全球治理观,加强团结协作,反对单边主义,坚定维护联合国地位和权威,切实发挥联合国在全球治理中不可替代的重要作用。
第四,倡导以人为本。改革完善全球治理体系,保障各国人民共同参与全球治理、共享全球治理成果,更好应对人类社会面临的共同挑战,更好弥合南北发展鸿沟,更好维护世界各国共同利益。
第五,注重行动导向。坚持系统谋划、整体推进,统筹协调全球行动,充分调动各方资源,打造更多可视成果,以务实合作避免治理滞后和碎片化。
习近平强调,上海合作组织在成立宣言和组织宪章中开宗明义指出,要推动国际政治经济秩序朝着更加民主、公正、合理的方向发展。24年来,组织秉持互信、互利、平等、协商、尊重多样文明、谋求共同发展的“上海精神”,坚持地区事务共商、平台机制共建、合作成果共享,提出并实施许多全球治理新理念,日益成为全球治理体系建设和改革的积极推动力量。面对加速演进的世界百年未有之大变局,上海合作组织要发挥引领作用,为维护世界和平稳定贡献“上合力量”,为推动全球开放合作展现“上合担当”,为弘扬全人类共同价值作出“上合示范”,为捍卫国际公平正义采取“上合行动”,当好践行全球治理倡议的表率。
习近平最后强调,中方愿同各方一道,勇担大义、笃行大道,弘扬正确二战史观,坚定维护二战胜利成果,让推进全球治理体系变革、推动构建人类命运共同体的成果更多更好造福全人类。(讲话全文另发)
上海合作组织成员国白俄罗斯总统卢卡申科、伊朗总统佩泽希齐扬、哈萨克斯坦总统托卡耶夫、吉尔吉斯斯坦总统扎帕罗夫、巴基斯坦总理夏巴兹、俄罗斯总统普京、塔吉克斯坦总统拉赫蒙、乌兹别克斯坦总统米尔济约耶夫和印度代表,观察员国蒙古国总统呼日勒苏赫,对话伙伴国阿塞拜疆总统阿利耶夫、亚美尼亚总理帕什尼扬、柬埔寨首相洪玛奈、老挝人民革命党中央委员会总书记、国家主席通伦、马尔代夫总统穆伊兹、缅甸代总统敏昂莱、尼泊尔总理奥利、土耳其总统埃尔多安、埃及总理马德布利,主席国客人土库曼斯坦总统别尔德穆哈梅多夫、马来西亚总理安瓦尔、越南总理范明政、印度尼西亚总统代表,联合国秘书长古特雷斯、上海合作组织常设机构负责人以及其他国际组织和多边机制负责人出席。
各方高度评价、积极支持习近平提出的全球治理倡议,认为全球治理赤字扩大,可持续发展面临挑战,单边主义抬头,联合国权威和国际规则受到冲击,世界亟需更加有效的治理理念和治理体系。在纪念二战胜利和联合国成立80周年之际,中国提出全球治理倡议正当其时。全球治理倡议摒弃强权逻辑,支持联合国发挥核心作用,倡导共同发展、共同治理、共同受益,为解决当今世界紧迫问题贡献了中国智慧和中国方案。上海合作组织践行“上海精神”的成功实践,充分证明不同国家之间完全可以相互尊重、相互信任、互利共赢,这为完善全球治理作出了表率。各方同意加强沟通和协调,密切贸易、投资、创新、工业、农业等领域合作,合力打击恐怖主义、贩毒、网络犯罪,通过加强人文交流增进民心相通,进一步发挥上海合作组织的影响力,共同促进世界和平、发展、进步事业。
习近平和与会各方领导人对阿富汗当日凌晨发生强烈地震表示关切,向阿方表示慰问,祝愿阿富汗人民早日克服困难、重建家园。
蔡奇、王毅等参加上述活动。(完)
图说:9月1日下午,“上海合作组织+”会议在天津梅江会展中心举行。国家主席习近平主持会议并发表题为《凝聚上合力量 完善全球治理》的重要讲话。 新华社记者 黄敬文 摄