Connect with us

News

တရုတ်နိုင်ငံ ရထားလုပ်ငန်းက နွေဦးပွဲတော်ခရီးသွားမှု ပထမကာလဝက်အတွင်း ခရီးသည်ခရီးစဉ် သန်း ၂၃၀ ရှိခဲ့

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ဖုန်းထိုင်ရထားဘူတာတွင် ဖြတ်သန်းသွားလာနေသော ခရီးသည်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရထားလုပ်ငန်းကွန်ရက်သည် နွေဦးပွဲတော်ခရီးသွားမှု ပထမကာလဝက်ဖြစ်သည့် ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ ခရီးသည်ခရီးစဉ် အရေအတွက် သန်း ၂၃၀ ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်သော နွေဦးပွဲတော်သည် တရုတ်နိုင်ငံ၏ အကြီးဆုံးရိုးရာပွဲတော်တစ်ခုဖြစ်သည်။ ယခုနှစ်နွေဦးပွဲတော် ခရီးသွားကာလသည် ဇန်နဝါရီ ၂၆ ရက်တွင် စတင်ခဲ့ကာ မတ် ၅ ရက်၌ ပြီးဆုံးမည်ဖြစ်သည်။ (Xinhua)

……………………………………..
China’s railway sees 230 mln passenger trips in first half of Spring Festival rush
BEIJING, Feb. 15 (Xinhua) — China’s railway network handled 230 million passenger trips from Jan. 26 to Feb. 14, the first half of the 40-day Spring Festival travel rush, China State Railway Group Co., Ltd. said Thursday. The Spring Festival, which fell on Feb. 10 this year, is China’s biggest traditional festival. This year’s Spring Festival travel rush started on Jan. 26 and will end on March 5.
Photo: Passengers walk past a service booth in Fengtai Railway Station in Beijing, capital of China, Feb. 3, 2024. (Xinhua/Song Weiwei)