News
တောင်ကိုရီးယားကို အနိုင်ရကာ ဖီဘာအာရှဖလား ဆီမီးဖိုင်နယ်သို့ တရုတ် တက်လှမ်း

ဂျက်ဒါ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်အမျိုးသားဘတ်စကက်ဘော အသင်းသည် တောင်ကိုရီးယားအသင်းကို ၇၉-၇၁ မှတ်ဖြင့် သြဂုတ် ၁၄ ရက်က အနိုင်ရကာ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့၌ပင် ဆက်လက်ကျင်းပမည့် ဖီဘာအာရှဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
အဆိုပါကစားပွဲအတွင်း ဟူကျင်းချိုးက ၂၃ မှတ်ဖြင့် အမှတ်အမြင့်ဆုံးရရှိခဲ့ကာ ဘောလုံးပြန်ကန်ထွက်မှု ၁၁ ကြိမ်ရှိခဲ့သည်။ ဝမ်ကျွင့်ကျယ်က ၂၁ မှတ် ရရှိခဲ့ပြီး ကျောက်ရွှေ့ နှင့် ကျူးကျွင့်လုံတို့ကလည်း ကိုးမှတ်စီ အသီးသီးရယူခဲ့ကြသည်။
တောင်ကိုရီးယားအသင်း၌မူ လီဟွန်းဂျွန်းက ၂၂ မှတ်ဖြင့် ဦးဆောင်ခဲ့ပြီး ဟာယွန်းဂီက ၁၅ မှတ်ဖြင့် ဒုတိယအမှတ်အများဆုံးရရှိခဲ့သည်။
“ပွဲချိန်စတုတ္ထပိုင်းမှာ ကျွန်တော့်ရဲ့ ဘယ်ဘက်ခြေထောက် ကြွက်တက်သွားတဲ့အတွက် တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အသင်း အနိုင်ရတဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ သူတို့ရဲ့ အဓိက ကစားသမားကို ကာထားခဲ့ကြပါတယ်။ အဆုံးမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဝမ်က ကစားပွဲပြီးနောက် ပြောကြားခဲ့သည်။
“ဒီပွဲမှာ ကျွန်တော်တို့ ရေကုန်ရေခမ်း အစွမ်းကုန် ကြိုးစားပြီး ကစားခဲ့ကြပါတယ်။ နောင်တမရှိရအောင် အားထုတ်မှုကို နည်းနည်းလေးမှ မလျှော့ခဲ့ပါဘူး။ ဒါဟာ တရုတ်ပရိသတ်တွေရဲ့ ကျယ်လောင်စွာ အော်ဟစ်အားပေးသံကို ကမ္ဘာက ကြားသိရစေဖို့ပါ” ဟု ဟူကလည်း ပြောကြားခဲ့သည်။
ဝမ်က တစ်ဂိုးတည်းနှင့် သုံးမှတ်ရစေသည့် ပစ်သွင်းချက် (three-pointer) ကို ဒုတိယပိုင်းပြီးခါနီး ၃၈ စက္ကန့်တွင် ပြုလုပ်ခဲ့ကာ နားချိန်တွင် တရုတ်အသင်းက ၄၆-၃၅ ဖြင့် ဦးဆောင်ခဲ့သည်။ တောင်ကိုးရီးယားအသင်းက လိုနေသည့် ခြောက်မှတ်ကို ပွဲချိန်၏ နောက်ဆုံးပိုင်းဖြစ်သော စတုတ္ထပိုင်း၌ နောက်ဆုံးကျန်သော ၅၁ စက္ကန့်တွင် ပြန်မဖြည့်မီ တတိယပိုင်းတွင်လည်း တရုတ်အသင်းက ၁၈ မှတ်ရရှိခဲ့ပြီး ပွဲအား ဆက်လက်ဦးဆောင်ခဲ့သည်။ နောက်ဆုံး ၃၁ စက္ကန့်ကျန်ချိန်၌ လျောင်ဆန်းနင်က ခြေတစ်လှမ်းနောက်ဆုတ်၍ ပစ်သွင်းချက်ဖြင့် တရုတ်အသင်းအား အောင်ပွဲအဆုံးအဖြတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က ဖီဘာအာရှဖလားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့၏ ကွာတားဖိုင်နယ်ပွဲအတွင်း တရုတ်အသင်းမှ လျောင်ဆန်းနင် (ဝဲတတိယ) အား တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က ဖီဘာအာရှဖလားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့၏ ကွာတားဖိုင်နယ်ပွဲအတွင်း ဘောလုံးအား အနီးကပ်ပစ်သွင်းနေသည့် တရုတ်အသင်းမှ ဟူမင်ရွှမ်း (ယာအပေါ်) အား တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က ဖီဘာအာရှဖလားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့၏ ကွာတားဖိုင်နယ်ပွဲအတွင်း ဘောလုံးအား ဖြတ်ထုတ်နေသည့် တရုတ်အသင်းမှ လျောင်ဆန်းနင် (ယာရှေ့) အား တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က ဖီဘာအာရှဖလားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့၏ ကွာတားဖိုင်နယ်ပွဲအတွင်း ဘောလုံးအား အနီးကပ်ပစ်သွင်းနေသည့် တရုတ်အသင်းမှ ဝမ်ကျွင့်ကျယ် (ဝဲ) အား တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က ဖီဘာအာရှဖလားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့၏ ကွာတားဖိုင်နယ်ပွဲအတွင်း ဘောလုံးအား အနီးကပ်ပစ်သွင်းနေသည့် တရုတ်အသင်းမှ ဟူကျင်းချိုး (အပေါ်) အား တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က ဖီဘာအာရှဖလားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့၏ ကွာတားဖိုင်နယ်ပွဲပြီးနောက် တရုတ်အသင်းမှ ကျောက်ရွှေ့ (ဝဲ) နှင့် တောင်ကိုရီးယားအသင်းမှ ယန်ဂျန်ဆွတ် (လယ်) တို့အား တွေ့မြင်ရစဥ် (ဆင်ဟွာ)
……………………………………….
(English Version)
China defeats S. Korea to reach FIBA Asia Cup semifinals
JEDDAH, Aug. 14 (Xinhua) — China’s men’s basketball team edged South Korea 79-71 to reach the FIBA Asia Cup semifinals here on Thursday.
Hu Jinqiu had a game-high 23 points and 11 rebounds. Wang Junjie finished with 21 points. Zhao Rui and Zhu Junlong added nine points apiece.
Lee Hyunjung led South Korea with 22 points, followed by 15 from Ha Yungi.
“Sorry about my left leg cramping in Q4, but thrilled with the team win. We shut down their key player, and I hope we take the title in the end,” Wang said after the game.
“We gave it our all on the court this game. We hope to leave nothing on the court with no regrets. It meant the world to hear the roaring cheers from Chinese fans in the stands,” Hu added.
Wang made a three pointer with 38 seconds left in the second quarter as China took the lead on 46-35 at the break. China increased the lead to 18 points in the third quarter before South Korea cut the deficit to six points with 51 seconds remaining in the final period. Liao Sanning answered with a step back jumper with 31 seconds left to help China seal the victory. ■
English Caption 1
Hu Jinqiu of China waves to the spectators after the quarterfinal match between China and South Korea at the FIBA Asia Cup 2025 in Jeddah, Saudi Arabia, Aug. 14, 2025. (Xinhua/Wang Dongzhen)
English Caption 2
Liao Sanning (3rd L) of China shoots during the quarterfinal match between China and South Korea at the FIBA Asia Cup 2025 in Jeddah, Saudi Arabia, Aug. 14, 2025. (Xinhua/Wang Dongzhen)
English Caption 3
Hu Mingxuan (top R) of China goes for a layup during the quarterfinal match between China and South Korea at the FIBA Asia Cup 2025 in Jeddah, Saudi Arabia, Aug. 14, 2025. (Xinhua/Wang Dongzhen)
English Caption 4
Liao Sanning (front R) of China breaks through during the quarterfinal match between China and South Korea at the FIBA Asia Cup 2025 in Jeddah, Saudi Arabia, Aug. 14, 2025. (Xinhua/Wang Dongzhen)
English Caption 5
Wang Junjie (L) of China goes for a layup during the quarterfinal match between China and South Korea at the FIBA Asia Cup 2025 in Jeddah, Saudi Arabia, Aug. 14, 2025. (Xinhua/Wang Dongzhen)
English Caption 6
Hu Jinqiu (top) of China goes for a layup during the quarterfinal match between China and South Korea at the FIBA Asia Cup 2025 in Jeddah, Saudi Arabia, Aug. 14, 2025. (Xinhua/Wang Dongzhen)
English Caption 7
Zhao Rui (L) of China and Yang Junseok (C) of South Korea react after the quarterfinal match between China and South Korea at the FIBA Asia Cup 2025 in Jeddah, Saudi Arabia, Aug. 14, 2025. (Xinhua/Wang Dongzhen)