News
အာရှခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့်တရုတ်အသင်းတို့ ဇွန်လ ၁၀ ရက်တွင်ယှဉ်ပြိုင်ကစားမည်

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) နောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် တရုတ်အသင်းတို့ ဇွန်လ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဇွန်လ ၈ ရက်ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းနှင့် တရုတ် (တိုင်ပေ)အမျိုးသမီးအသင်းပွဲစဉ် မြင်ကွင်းများ (ဆင်ဟွာ)

အုပ်စုဒုတိယပွဲစဉ်များအဖြစ် ဇွန်လ ၈ ရက်က တရုတ်အသင်းနှင့် နီပေါအသင်း၊ မြန်မာအသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တရုတ်အမျိုးသမီး အသင်းက နီပေါအမျိုးသမီး အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာ ယူ-၂၀ အမျိုးသမီး အသင်းနှင့် တရုတ် (တိုင်ပေ) အမျိုးသမီး အသင်းတို့က တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
လက်ရှိအုပ်စုတွင် ရပ်တည်မှုများအရ တရုတ် ယူ-၂၀ အမျိုးသမီး အသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်ဖြင့် အုပ်စုပထမ နေရာတွင်ရှိနေပြီး မြန်မာယူ-၂၀ အမျိုးသမီး အသင်းက နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် ၄ မှတ်ဖြင့် အုပ်စု ဒုတိယနေရာတွင်ရပ်တည်နေသည်။ (Xinhua)