Connect with us

News

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲတွင် တရုတ်အသင်း ဒုတိယမြောက် အောင်ပွဲရရှိ

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ဇွန် ၈ ရက် ညနေပိုင်း၌ ကျင်းပရာ တရုတ် ယူ-၂၀ အမျိုးသမီးအသင်းက နီပေါ ယူ-၂၀ အမျိုးသမီးအသင်းကို (၅-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဒုတိယမြောက် အောင်ပွဲရရှိခဲ့သည်။ ၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘက်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ
မည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.