News
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ဝန်ကြီးအချို့ အပြောင်းအလဲပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့ကို ဇန်နဝါရီ ၃၁ ရက်တွင် အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သောသတင်းအရ သိရသည်။

ပြောင်းလဲခန့်အပ်လိုက်သည့် အမိန့်စာများအားတွေ့ရစဉ် (ဓာတ်ပုံ-MRTV)

ပြောင်းလဲခန့်အပ်လိုက်သည့် အမိန့်စာများအားတွေ့ရစဉ် (ဓာတ်ပုံ-MRTV)

ပြောင်းလဲခန့်အပ်လိုက်သည့် အမိန့်စာများအားတွေ့ရစဉ် (ဓာတ်ပုံ-MRTV)
ယခင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းအား ကျန်းမာရေးအရ တာဝန်မှအနားပေးကာ ဦးကိုကို အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတာဝန်ပေးအပ်လိုက်ကြောင်းသိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးမျိုးလှိုင် အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ဦးထိန်လင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရရှမ်းပြည်နယ်ဝန်ကြီးချုပ်တာဝန်ပေးထားသည့် ဦးအောင်ဇော်အေး အစား ဦးအောင်အောင် အား အစားထိုးခန့်အပ် တာဝန်ပေးအပ်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်း နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးသန်းဝင်း အား တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)