Connect with us

News

ရှားရှားပါးပါးတွေ့ရသော အဝါရောင် သစ်ခွရှိခိုးကောင်

ယူနန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲ မုန်လာ့ခရိုင်ရှိ ဝမ့်ထျန်းဆုရှုခင်းသာဧရိယာတွင် ဓာတ်ပုံဆရာတစ်ဦးက အဝါရောင် တောရိုင်းသစ်ခွရှိခိုးကောင် (orchid mantis) တစ်ကောင်ကို ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။ ယင်းဒေသတွင် အများစုတွေ့ရလေ့ရှိသည်မှာ ပန်းရောင်သစ်ခွရှိခိုးကောင်ဖြစ်ပြီး အဝါရောင်မျိုးကွဲကို တွေ့ရရန် အတော်ပင် ရှားပါးလှသည်။ (Xinhua)
…………………………..
(Chinese Version)
罕见的黄色兰花螳螂
近日,在云南省西双版纳州勐腊县望天树景区,摄影师拍摄到一只黄色野生兰花螳螂。在当地,常见的兰花螳螂多为粉色,黄色个体较为罕见。