ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့သည် ဖေဖော်ဝါရီ ၂၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ Sergey Lavrov က ယူကရိန်းအရေးနှင့်ပတ်သက်၍ ယနေ့အခြေအနေအထိ ဖြစ်ပွားလာရသည့်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန(FAA) က ယူကရိန်းနိုင်ငံ၌ ပဋိပက္ခဖြစ်ပွားမှုအား ဖော်ထုတ်သည့်အနေဖြင့် ဥရောပအရှေ့ပိုင်းတွင် မပျံသန်းရဇုန်ကို တိုးချဲ့လျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က ပြောကြားခဲ့သည်။ အမေရိကန် လေကြောင်းလိုင်းများနှင့် အမေရိကန်လေယာဉ်မှူးများ ဆောင်ရွက်နိုင်ခြင်းမရှိသော ဥရောပအရှေ့ပိုင်းနှင့် ရုရှားနိုင်ငံရှိ ဧရိယာတွင် တိုးချဲ့ထားသော...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) မကြာသေးမီရက်အနည်းငယ်တွင် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်၏ ကျန်းကျားခိုဆောင်းရာသီအိုလံပစ်ကျေးရွာကို တရားဝင်ပိတ်လိုက်ပြီး ဆောင်းရာသီမသန်စွမ်းအိုလံပစ်ပွဲတော်သို့ ကူးပြောင်းသည့် ကာလသို့ရောက်ရှိလာသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်သောကြောင့် မိမိမွေးမြူထားသောဝက်များအားကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ချက်ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အခြေစိုက် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ကလေးငယ်များအတွက် AR-15 ပုံစံငယ် semi-automatic ရိုင်ဖယ်သေနတ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း နယူးဒေလီအခြေစိုက် NDTV ရုပ်မြင်သံကြား သတင်းချန်နယ်က မကြာသေးမီက သတင်းဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ယူကရိန်းနိုင်ငံအတွင်း စစ်ဆင်ရေးတစ်ခုအား ကြေညာခဲ့ပြီးနောက် မကြာမီတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ရုရှားနိုင်ငံသမ္မတ ပူတင်အား တပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းတွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ကွီတို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် မြို့တော်ကွီတို၌ တရုတ်နိုင်ငံ Sinovac Biotech Ltd နှင့် ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်စလုံးမှ အီကွေဒေါတွင် ကိုဗစ်နှင့်အခြားကာကွယ်ဆေးများ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် သဘောတူခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ယူကရိန်း သမ္မတ ဇယ်လန်းစကီးတို့သည် အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)နှင့် တူရကီသမ္မတ ရီဆပ် တေရစ်ပ်အာဒိုဂန် (Recep Tayyip Erdoga) တို့ သည် ယူကရိန်းအကျပ်အတည်း နှင့် ရုရှားနှင့် အနောက်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ အာမခံချက်များနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၂၃ ရက်တွင်...
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ဖေဖော်ဝါရီ ၂၄ ရက်၌ ရုရှားနိုင်ငံ၏ စစ်ဆင်ရေး စတင်ဆောင်ရွက်လာပြီးနောက် နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးကြေညာလိုက်ကြောင်း သိရသည်။