ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က BRICS နိုင်ငံများအား အားလုံးအတွက် ကမ္ဘာ့လုံခြုံရေးအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် မေ ၁၉ ရက် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ၌ ရုပ်သံမိန့်ခွန်းတစ်ရပ် ပြောကြားရာတွင် တိုက်တွန်းခဲ့သည်။
ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ပြည်တွင်းလိုအပ်ချက်ပြည့်မီရေး တိုးချဲ့ရန် ၊ ၎င်း၏ စီးပွားရေးတည်ငြိမ်စေရန် နှင့် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်နေစဉ်အတွင်းမှာပင် ရေသိုလှောင်ထိန်းသိမ်းကန် စီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်စကို ၊ မေ ၂၂ ရက်(ဆင်ဟွာ) ရုရှားစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Gazprom က ရူဘယ်ငွေကြေးဖြင့် ပေးချေခြင်းမရှိသောကြောင့် ဖင်လန်နိုင်ငံ၏ နိုင်ငံပိုင်ဓာတ်ငွေ့ကုမ္ပဏီ Gasum အား မေ ၂၁ ရက်မှစတင်ကာ ဓာတ်ငွေ့ထောက်ပံ့မှု အလုံးစုံဆိုင်းငံ့လိုက်ကြောင်း အတည်ပြုခဲ့သည်။
ကိုင်ရို၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာရပ်အဖွဲ့ချုပ် (AL) တို့သည် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် ကတိပြုခဲ့ကြကြောင်း အီဂျစ်နိုင်ငံရှိ တရုတ်သံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။ အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Liao Liqiang နှင့် အာရပ်အဖွဲ့ချုပ် လူမှုရေးရာ လက်ထောက်...
ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် တရုတ်အစိုးရတို့သည် လူ့အခွင့်အရေးအား အမြဲတမ်းလေးစားလိုက်နာ၍ အကာအကွယ်ပေးလျက်ရှိသည်။ CPC ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ် တရုတ်သမ္မတလည်း ဖြစ်သူ ရှီကျင့်ဖိန် (Xi Jinping) သည် ယင်းအချက်အပေါ် အခမ်းအနားပွဲများစွာ၌ အရေးကြီးသော မှတ်ချက်များ...
မနီလာ၊ မေ ၂၁ ရက် (ဆင်ဟွာ) ယခင်သီတင်းပတ်က ပြီးဆုံးခဲ့သော အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က အရှေ့တောင်အာရှနိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကတိပြုခဲ့သည်။ ဝါရှင်တန်၏ ထုတ်ပြန်ချက်အသစ်သည် ရိုးသားမှုကင်းမဲ့ပြီး မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှနိုင်ငံများထံ အထူးသဖြင့် အမေရိကန်နိုင်ငံထုတ် တစ်ပတ်ရစ်လက်နက်များ ရောင်းချမှု ပမာဏကြီးမားလာသည့်...
ကန်ဘာရာ၊ မေ ၂၁ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံတွင် မေ ၂၁ ရက် ဒေသစံတော်ချိန် ၈:၁၈ နာရီ၌ စတင်ကျင်းပလျက်ရှိသော လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက မဲရုံအသီးသီး၌ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။ ပြန်လည်အရွေးခံရန် ကြိုးပမ်းနေသည့် ၀န်ကြီးချုပ်နှင့် Liberal Party ခေါင်းဆောင် မော်ရစ်ဆင်က ၎င်းဦးဆောင်သည့်...
မော်စကို၊ မေ ၂၁ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်က မာရီယူပိုးလ်မြို့ရှိ Azovstal သံမဏိစက်ရုံအား “အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီ” ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်၌ ပြောကြားခဲ့သည်။ “စစ်သွေးကြွတွေ ပုန်းအောင်းနေတဲ့ စက်ရုံထဲက မြေအောက်အဆောက်အအုံတွေဟာ ရုရှားစစ်တပ် ထိန်းချုပ်မှုအောက် ရောက်ရှိလာပါပြီ” ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌...
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) မြန်မာ-တရုတ်နှစ်နိုင်ငံ သက်ဆိုင်ရာဌာနတို့ ညှိနှိုင်းဆွေးနွေးပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်တင်ယာဉ်များသည် တရုတ်ကုန်တင်ယာဉ်များပေါ်သို့ ပြန်လည်တင်ဆောင်ရန် မလိုအပ်ဘဲ မူဆယ် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယနေ့ မေ ၂၀ ရက်တွင်ထုတ်ပြန်သည်။...
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သိသိသာသာ အားကောင်းလာခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မေ ၂၀ ရက်၌ ပြောကြားခဲ့သည်။ “ရှည်လျားနေသော ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါနှင့် ရှုပ်ထွေးနေသော နိုင်ငံတကာဆက်ဆံရေး အခြေအနေကြားမှ...