ပေကျင်း ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အိုလံပစ်အလံအား ၂၀၂၆ အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ လက်ခံကျင်းပမည့် မီလန်မြို့ နှင့် Cortina d’Ampezzo မြို့များ၏ မြို့တော်ဝန်များထံသို့ အသီးသီးလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံဝန်ကြီးချုပ်က အီရန်နိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်အတူ နျူကလီးယားသဘောတူညီချက်အသစ်တစ်ခုကို လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်း ၊ သို့သော် ယင်းသဘောတူညီချက်အသစ်သည် ယခင်ရှိခဲ့သော သဘောတူညီချက်ထက် ပို၍ “ အားနည်းကြောင်း” ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မင့်စ်ခ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရုရှား-ဘီလာရုဇ်နှစ်နိုင်ငံစစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” ၏ နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲ ဝင် လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် ဖိတ်ကြားချက်အရ ၅၈ ကြိမ်မြောက် မြူးနစ်လုံခြုံရေး ဆွေးနွေးပွဲ တရုတ်နိုင်ငံဆိုင်ရာ အစည်းအဝေး (MSC Conversation:China Edition) ကို ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း...
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachetle ၏ ရှင်းကျန်းဒေသသို့ ခရီးစဉ်အပါအဝင် တရုတ်နိုင်ငံခရီးစဉ်အား ကြိုဆိုကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ နှင့် ဝန်ထမ်းများပါဝင်သော ဒုတိယအသုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့သည် COVID-19 ရောဂါ နောက်ဆုံးအကြိမ် ကူးစက်ပြန့်နှံ့လျက်ရှိသည့် ဟောင်ကောင်တွင် ရောဂါတိုက်ဖျက်ရေးအား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်အတွက် ဟောင်ကောင်(HKSAR) သို့ Shenzhen နယ်စပ်ဂိတ်မှတဆင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း...
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပပြုလုပ်သော ၁၃၉ ကြိမ်မြောက် နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ၏ ပုံမှန်အစည်းအဝေးအတွင်း IOC ဥက္ကဌ Thomas Bach က ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် တရုတ်ပြည်သူများ၏ ထောက်ခံအားပေးမှုကို အသိအမှတ်ပြုဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့အား...
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) လက်ရှိဖြစ်ပွားနေသော ယူကရိန်းနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် အဖြေရှာရန် စေ့စပ်ညှိနှိုင်းမှုနှင့် ဆွေးနွေးမှုအား ဆက်လက်ဦးတည်စေမည့် မျှော်လင့်ချက်နှင့် အားကောင်းသော မျှော်မှန်းချက်များအား ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။ သံတမန်နည်းလမ်းအရ အဖြေရှားခြင်းသည် ဟာ “လမ်းကြောင်းမှန်ဖြစ်သည်” ဟု ယုံကြည်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ဥရောပနှင့် အမေရိကရှိ နိုင်ငံအများအပြားက ကိုဗစ်ကပ်ရောဂါအပေါ် ကန့်သတ်ချက်များ ဖြေလျော့ခြင်း လုပ်ဆောင်နေစဉ် အမေရိကန်နိုင်ငံမှ Bloomberg သတင်းဌာန၊ The Wall Street Journal စသည့် အနောက်တိုင်း မီဒီယာများက “ကမ္ဘာက အဘယ်ကြောင့် တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေး...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) “ပြည်သူများ” ဟူသော စကားလုံးသည် ခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖိန်၏ အတွေးအခေါ်တွင် အလေးထားဖော်ပြသည့်အရာဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ ရှီကျင့်ဖိန်နှင့် ရှီအား ဗဟိုပြုထားသော CPC ဗဟိုကော်မတီတို့သည် ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုရရှိရေးအတွက်...