ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးသည် မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့မှတစ်ဆင့် ဘုန်းတော်ကြီးကျောင်းများ ၊ ဘိုးဘွားရိပ်သာများ ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ထံ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများအား ပြီးခဲ့သည့်ရက်ပိုင်းတွင် လှူဒါန်းပေးအပ်ခဲ့ကြောင်း သံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ဘန်ကောက် ၊ မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးလျင်လျင်မြန်မြန် တိုးတက်လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်နလန်ထူရန် အရေးပါသော မောင်နှင်းအားတစ်ခုဖြစ်ကြောင်း ထိုင်နိုင်ငံ၏ ရှေ့ဆောင်ဘဏ်တစ်ခုဖြစ်သည့် Kasikornbank ဘဏ်၏ အကြီးတန်းဒုတိယဥက္ကဌ Wichai Kinchong Choiက ပြောကြားခဲ့သည်။
မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ ဖိလစ်ပိုင်တက္ကသိုလ်ကျောင်းပရဝဏ်အတွင်း လူနေရပ်ကွက်တစ်ခု၌ ယနေ့ မေ ၂ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦးသေဆုံးသွားကြောင်း သိရသည်။
ပေကျင်း ၊ မေ ၂ ရက်(ဆင်ဟွာ) အောက်ဖော်ပြပါသတင်းအချက်အလက်များသည် ပဋိပက္ခဖြစ်ပွားနေသည့် ရုရှား နှင့် ယူကရိန်းအကြား နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေအရပ်ရပ်ကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။
ကိဗ် ၊ မေ ၂ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့၏ ဝန်းရံပိတ်ဆို့ခြင်း ခံထားရသည့် ယူကရိန်းနိုင်ငံ မာရီဥပိုလ်မြို့ရှိ Azovstal သံမဏိစက်ရုံးအတွင်း ပိတ်မိနေသူများကို စတင်ကယ်ထုတ်နေပြီဖြစ်ကြောင်း သမ္မတ ဇယ်လန်းစကီးက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ) ရုရှားသည် ယူကရိန်းရှိ အမေရိကန်စစ်တပ်၏ ဇီဝဓာတ်ခွဲခန်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွင်း အမေရိကန်အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီလုပ်ငန်းတာဝန်ရှိသူများပါဝင်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း ရုရှားအရာရှိက ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ နျူကလီးယားမပြန့်ပွားရေးနှင့် လက်နက်ထိန်းချုပ်ရေးအေဂျင်စီ အကြီးအကဲ Vladimir Yermakov က ရုရှားလွှတ်တော်မှလုပ်ဆောင်နေသည့်...
အစ္စလာမ်မာဘတ် ၊ မေ ၁ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ ယခုသီတင်းပတ်အစောပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ပြီးနောက် ဧပြီ ၃၀ ရက်တွင် ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi သည် ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ၎င်းတို့၏ ဆက်ဆံရေးအား လျော့ပါးစေရန်...
လာဆာ ၊ မေ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် တရုတ်-နီပေါ နှစ်နိုင်ငံ နယ်နိမိတ်ရှိ ကမ္ဘာ့အမြင့်ဆုံးအမှတ်အသား နေရာဖြစ်သော ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်(ချိုမိုလန်းမားတောင်ထိပ်) ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၈,၈၀၀ မီတာရှိသည့်နေရာ၌ ရာသီဥတုစောင့်ကြည့်လေ့လာရေးဆိုင်ရာ မိုးလေဝသစခန်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ သုတေသနပညာရှင်များက တောင်ပေါ်တွင် အလေးချိန် ၅၀...
ဂျကာတာ ၊ မေ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသည် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် နှင့် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky တို့ နှစ်ဦးလုံးကို နိုဝင်ဘာလတွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားထားကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက ဧပြီ...
ပေကျင်း ၊ မေ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၌ (ကိုယ့်ဟာကိုယ်- ဆောက်လုပ်ထားသော) လူနေအဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုများကို အစွမ်းကုန်လုပ်ဆောင်သွားရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။ ဟူနန်ပြည်နယ် မြို့တော် ချန်းရှမြို့ ဝမ်းချန်ခရိုင်၌ သောကြာနေ့(ဧပြီ ၂၉ ရက်) မွန်းလွဲ...