ဝါရှင်တန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်တ်စ်ဘာ့ခ်မြို့ရှိ နေအိမ်တစ်လုံး၌ ဧပြီ ၁၇ ရက် နံနက်ပိုင်းက ပါတီပွဲကျင်းပစဉ် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အရွယ်မရောက်သေးသူ ၂ ဦး သေဆုံးကာ အခြားလူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင်...
ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ဧပြီလ ၁၉ ရက်တွင် တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ ပေါင်တွမ်းလမ်းပိုင်းတည်ဆောက်မှုသည် ကြီးမားသည့်တိုးတက်မှုရရှိခဲ့ကာ ပေါင်စန်းလိုဏ်ခေါင်းအား ဘေးကင်းစွာဖောက်လုပ်ပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဧပြီ ၂၀ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။
ဟောင်ကောင်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ပြည်မကြီးမှပံ့ပိုးမှုဖြင့် Penny’s Bay ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) တည်ဆောက်မှု ပထမအဆင့်မှာ ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ယူနစ်များကို ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရထံ ဧပြီ ၁၉ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ချုံချင့်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်ဒေသ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်း ယွမ် ၁၉၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀.၇ ဘီလီယံခန့်) ကျော်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၉.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ချုံချင့် အကောက်ခွန်အာဏာပိုင်များက ဧပြီ...
နင်းပေါ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့ ရှန့်ဆန်းခရိုင်၌ ကယ်ဆယ်ရေးသမားများသည် ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် သောင်တင်နေသော ဝေလငါးတစ်ကောင်အား ပင်လယ်ထဲသို့ ပြန်လည်ရောက်ရှိအောင် ကူညီပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉ ရက်မှ ၁၅ ရက်နေ့ အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သောလွယ်ဂျယ်နှင့် ကန်ပိုက်တီးကုန်သွယ်ရေးစခန်းများ၏ ကုန်ပစ္စည်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇,၅၂၀,၀၀၉ ဒသမ ၁၉ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဝါဒဌာနခွဲမှ...
ကုလသမဂ္ဂ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ယူကရိန်နိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ဖြေရှင်းရန် အခြေခံကျသောနည်းလမ်းမှာ ပဋိပက္ခကို ဆောလျင်စွာအဆုံးသတ်ရေးပင်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ဧပြီ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ယူကရိန်းတွင်ရုရှားအထူးစစ်ဆင်ရေး အဆင့်သစ် စတင်လိုက်ပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဧပြီ ၁၉ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ နိုင်ငံတော်စစ်ရေးအခြေအနေ သမ္မတအမိန့် မူကြမ်းကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယူကရိန်း လွှတ်တော်က ဧပြီ ၁၉ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဧပြီ ၂၁ ရက်တွင် ရုပ်သံလင့်ခ်မှတစ်ဆင့် အာရှဒေသဆိုင်ရာ ဘိုးအောက်(BFA) နှစ်ပတ်လည်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပြီး အရေးပါသောမိန့်ခွန်း တစ်ရပ် ပြောကြားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ယနေ့(ဧပြီ ၂၀ ရက်)တွင်...
ဂျကာတာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တောင်ကလီမန်တန်ပြည်နယ်ရှိ မီနီဈေးဝယ်စင်တာတစ်ခု ဧပြီ ၁၈ ရက်က ပြိုကျခဲ့ပြီးနောက် သေဆုံးသူ ၄ ဦးရှိပြီဖြစ်ကြောင်းနှင့် အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့်ကယ်ဆယ်ရေးသမားတစ်ဦးက ဧပြီ ၁၉ ရက်က ပြောကြားခဲ့သည်။