ဝါရှင်တန်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်ကန်း (Qin Gang) က အမေရိကန်-တရုတ်ဆက်ဆံရေးရှုပ်ထွေးသွားအောင် ယူကရိန်းအကျပ်အတည်းကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချလုပ်ဆောင်ခြင်းမပြုရန် နှင့် ထိုသို့လုပ်ဆောင်ခြင်းဖြင့် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ယခု သို့မဟုတ် နောင်အနာဂတ်အတွက်ပါ ကောင်းမွန်မည်မဟုတ်ကြောင်း သတိပေးပြောကြား လိုက်သည်။
ပေကျင်း၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) Tianzhou-3 ကုန်တင်အာကာသယာဉ်သည် ဧပြီ ၂၀ ရက် ၅ နာရီ ၀၂ မိနစ်တွင် တရုတ်အာကာသစခန်း ပင်မခန်း Tianhe၏ အနောက်ပေါက်မှ ခွဲထွက်ပြီး လှည့်ပတ်ပျံသန်း၍ အာကာသစခန်းအရှေ့ဘက်အပေါက်နှင့်အလိုအလျောက်ချိတ်ဆက်မှုကို ၉ နာရီ ၀၆ မိနစ်တွင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း...
မော်စကို ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဆတူလက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက နယ်သာလန်နိုင်ငံမှ သံတမန် ၁၅ ဦး ၊ ဘယ်လ်ဂျီယံနိုင်ငံမှ အရေအတွက် အတိအကျ ထုတ်ပြန်ထားခြင်းမရှိသော သံတမန်များ နှင့် ဩစတြီးယား နိုင်ငံမှ သံတမန် ၄ ဦးတို့အား “မကြိုဆိုထိုက်သူ” အဖြစ် ကြေညာခဲ့ကြောင်း...
ရှီးအန်း၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှီးအန်းမြို့နှင့်မဝေးသည့် ရှန်းယန်မြို့တွင် ဧကရာဇ်ဘုရင် ချင်ရှီဟွမ် မြေရုပ်တုစစ်သည်များထက် ၉ နှစ်စော၍ မြေစစ်သည်ရုပ်တုများ ရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ ယင်းစစ်သည်ရုပ်တုများကို ရှန်းယန် ပြတိုက်တွင် ပြသထားပြီး အနောက်ဟန်ခေတ် ရောင်စုံမြေရုပ်တုစစ်သည် “မြင်း၊စစ်သည် သုံးထောင်” ဟု ခေါ်ဝေါ်ကြသည်။
မော်စကို/ကိဗ် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးဒုတိယအဆင့် စတင်လိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sergei Lavrov က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရှန်ဟိုင်း ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြူနီစပယ်ရှိ ပြည်ပကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် ယွမ် ၁ ဒသမ ၀၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၅၈ ဘီလီယံခန့်) ရှိခဲ့ကြောင်း ရှန်ဟိုင်းအကောက်ခွန်ရုံးထံမှ သိရသည်။
ကဘူးလ် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော် အနောက်ဘက်စွန်ပိုင်းတွင် ယနေ့ ဧပြီ ၁၉ ရက်နံနက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအသေအပျောက်ရှိကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Khalid Zadran ကအတည်ပြုပြောကြားခဲ့သည်။
ကိဗ် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lviv မြို့ပေါ်သို့ ဧပြီ ၁၈ ရက်တွင် ဒုံးကျည်တိုက်ခိုက်မှုများအတွင်း လူ ၆ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Lviv ဒေသဆိုင်ရာ စစ်ဘက်-အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်...
ဂျကာတာ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
ကိဗ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တပ်ဖွဲ့များက ဒွန်ဘတ်စ်ဒေသအတွက် တိုက်ပွဲ စတင်လျက်ရှိသော်လည်း ယူကရိန်းနိုင်ငံအနေဖြင့် ကိုယ်တိုင်ကာကွယ်သွားမည်ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဧပြီ ၁၈ ရက် ဗီဒီယိုမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။