ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ပြည်တွင်း၌ စက်သုံးဆီများ လုံလုံလောက်လောက်ရှိသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ရန်မလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေ က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၉ ရက်တွင် အတည်ပြုပြောကြားသည်။
ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရက သီရိလင်္ကာနိုင်ငံအား လတ်တလော အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ဆုံးဖြတ်ထားကြောင်း တရုတ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်မဟာတံတိုင်းပြတိုက်သည် လာမည့်သုံးလအတွင်း ပြည်တွင်း၊ ပြည်ပရှိ ဒီဇိုင်းအဖွဲ့အစည်းများမှ ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းအစီအစဉ်များကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပေကျင်းမြူနီစီပယ်ယဉ်ကျေးမှုအမွေအနှစ်ဗျူရိုက ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Peace and Development) တို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့်ပရင်တာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။
မော်စကို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) အနောက်နိုင်ငံများ၏ ရုရှားနိုင်ငံအပေါ် “ စီးပွားရေးလျှပ်တစ်ပြတ်တိုက်စစ်ဆင်မှု” မဟာဗျူဟာသည် ကျရှုံးနေပြီဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဧပြီ ၁၈ ရက်တွင် ပြုလုပ်သော စီးပွားရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်သည့် အစိုးရအဖွဲ့အစည်းအဝေးတစ်ခုတွင် ထည့်သွင်း ပြောကြားခဲ့သည်။
လာဆာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပုတ္တလနန်းတော်၌ ပြီးခဲ့သော ၃ နှစ်တာကာလအတွင်း ရှေးဟောင်းစာပေကျမ်းဂန် ပေစာ ၊ ပရပိုဒ်စာ ၁.၁ သန်းကျော် စုဆောင်းသိမ်းဆည်းထားပြီး ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်ဖြေဆိုခဲ့သော အတန်းတင်စာမေးပွဲများ၏ အောင်စာရင်းကို ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး မေ ၂၅ ရက်တွင် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၈...
ဆစ်ဒနီ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ကိုဗစ်-၁၉ ကပ်ရောဂါ၏သက်ရောက်မှုဒဏ်ကြောင့် ဩစတြေးလျနိုင်ငံ၏ အပျော်စီးသင်္ဘောလုပ်ငန်းသည် ကြီးမားသည့် ဆုံးရှုံးနစ်နာမှုများ ရှိခဲ့သည်။
ပေကျင်း ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး ဟိုဆေးဆန်တီယေဂိုအယ်လ်စတာရိုမန်နာ(Jose Santiago L. Sta. Romana) သည် အဖျားရောဂါဝေဒနာဖြင့် ဧပြီ ၁၈ ရက်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ရခြင်းအတွက် တရုတ်နိုင်ငံက နက်ရှိုင်းစွာ အထူးဝမ်းနည်းကြေကွဲရကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ယနေ့ ဧပြီ...
ရှီနင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ချောင်စူးကျွမ်း ၏ နေအိမ်အသစ်လေးမှာ သူ(မ) ၏ စာသင်ကျောင်းမှ ၂ ကီလိုမီတာခန့်သာ ကွာဝေးသည်။ အသက် ၁၂ နှစ်အရွယ် အဆိုပါ မိန်းကလေးငယ်၏ မိသားစုက ကျေးရွာဟောင်း၌ပင် ဆက်လက်နေထိုင်ပါက ကျောင်းသို့သွားရာ လမ်းခရီးမှာ ကီလိုမီတာ ၆၀...