ကိဗ်၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ပိုင်နက်နယ်မြေကို အဆုံးရှုံးခံပြီး ရုရှားနှင့်စစ်ချုပ်ငြိမ်းရေး အလဲအလှယ်လုပ်မည်မဟုတ်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဧပြီ ၁၇ ရက်တွင် ဖော်ပြထားသည်။
ဆိုးလ် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့များသည် ဧပြီ ၁၈ ရက်တွင် မြေပြင်စစ်ရေးလေ့ကျင့်လှုပ်ရှားမှုများ မပါဝင်ဘဲ အဓိက နွေဦးရာသီစစ်ရေးလေ့ကျင့်မှု ကျင်းပပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အမေရိကန်နိုင်ငံတို့အကြား ထိပ်သီးအစည်းအဝေးတစ်ခုကို အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီ၌ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ ပြုလုပ်ရန် ပြန်လည်စီစဉ်သတ်မှတ်ခဲ့ကြောင်း ဧပြီ ၁၆ ရက် နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် အာဆီယံဥက္ကဋ္ဌ၏...
ပေကျင်း၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) “ကျွန်တော် သူတို့ကို အရမ်းအားကျတယ်” ၊ “လုပ်ငန်းအမိန့်အားလုံးကို သူတို့ ပြီးဆုံးအောင် ဆောင်ရွက်နိုင်တာဟာ မယုံနိုင်စရာပဲ” ဟု အမေရိကန် အငြိမ်းစားအာကာသယာဉ်မှူး Don Thomas က ဆင်ဟွာကို ပြောသည်။
ကိုလံဘို၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ အစိုးရက နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) ၏ ချေးငွေများ ရရှိနိုင်မည့် နည်းလမ်းများ ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့အား ဧပြီ ၁၇ ရက်က စေလွှတ်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ တပ်ဖွဲ့များက ယူကရိန်းနိုင်ငံ ကိဗ်ဒေသအတွင်းရှိ လက်နက်ခဲယမ်းစက်ရုံတစ်ရုံအား ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဆိုးလ်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်းတပ်ဖွဲ့များသည် နွေရာသီပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ဧပြီ ၁၂ ရက်၌ အကြိုစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်များအား ကိုးကား၍ Yonhap သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် ဧပြီ ၁၁ ရက်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ ဘိုင်ဒန်သည် အမေရိကန်နှင့် ၎င်း၏အနောက်နိုင်ငံမဟာမိတ်များနှင့်အတူ ရုရှားစွမ်းအင် ဝင်ငွေကို တားဆီးရေးလှုပ်ရှာမှုတွင် အိန္ဒိယပူးပေါင်းပါဝင်စေလိုကြောင်းနှင့် “ယခုအချိန်တွင် ရုရှားရေနံစသည့်ကုန်စည်ပစ္စည်းများကို ထပ်တိုးမဝယ်ယူရန်”အဆိုပြုခဲ့ကြောင်း...
မာလီ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားနှင့်အတူ လွန်ခဲ့သောနှစ်အနည်းငယ်အကြာက အရာအားလုံးစတင်လာခဲ့သည်။ တရုတ်နိုင်ငံမှ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော တံတားဖွင့်လှစ်ခြင်းသည် ပထမဆုံးအကြိမ် မြို့တော် မာလီမှ အနီးဝန်းကျင် Hulhumale ကျွန်းသို့ လမ်းလျှောက်သွားလာနိုင်ပြီဟု ဆိုလိုခြင်းလည်းဖြစ်ပေသည်။
နယူးဒေလီ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော်နှင့် အနီးဆုံးရပ်ကွက်တစ်ခုရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၌ ကိုဗစ်-၁၉ (COVID-19) ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယင်းကျောင်းအားအနည်းဆုံး သီတင်းပတ်တစ်ပတ်ပိတ်ထားကြောင်း သိရသည်။