ချုံချင့်၊ ဧပြီ ၈ ရက်(ဆင်ဟွာ) ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်တွင် ယန်ဇီ-အင်ဒိုချိုင်းနားကျွန်းဆွယ် အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေးရထားကြီးသည် ဧပြီ ၇ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်းမှ စတင်ထွက်ခွာသွားပြီဖြစ်ရာ ၎င်းမှာ ယန်ဇီဆိပ်ကမ်းမှ မြန်မာနိုင်ငံ ရန်ကုန်၊ အိန္ဒိယသမုဒ္ဒရာသို့ သွားရာ လမ်းကြောင်းသစ်ကို ဖွင့်လှစ်လိုက်ခြင်းသည်။ အနောက်ဘက်ဒေသ ကုန်း-ရေ...
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ဆေးထိုး Electronic မှတ်တမ်း (English Version) အား ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာဖြစ်သည့် c19vc.moh.gov.mm တွင် လျှောက်ထားရယူနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဧပြီ ၇ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာခရီးသွားလာမှုအတွက်...
ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဧပြီ ၆ ရက်နံနက်အစောပိုင်းတွင် ရိုမေးနီးယားဆိုင်ရာ ရုရှားသံရုံးတံခါးကို ကားသေးတစ်စီး ဝင်တိုက်ခဲ့ပြီးနောက် ကားမီးလောင်ကာ ယာဉ်မောင်းသေဆုံးသွားကြောင်း ရိုမေးနီးယားနိုင်ငံ မြို့တော် ဘူချာရက် ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။ အဆိုပါကားငယ်လေးသည် ယင်းနေ့နံနက် ၆ နာရီခန့်တွင် လမ်းမကြီးမှ မောင်းနှင်လာပြီး သံရုံးတံခါးကို...
မော်စကို ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် နိုင်ငံတကာဥပဒေ၏ ဟာကွက်များကို အားသာချက်ယူကာ ကမ္ဘာ့ဒေသအသီးသီးတွင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ဇီဝဗေဒစွမ်းရည်များ တစ်သမတ်တည်းတည်ဆောက်လျက် ရှိကြောင်း ရုရှားစစ်တပ်က ဧပြီ ၆ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် နိုင်ငံအသီးသီးတွင် ဇီဝဗေဒဓာတ်ခွဲခန်းများ ဖန်တီးနေပြီး တစ်လုံးတစ်ဝတည်းဖြစ်စေသည့်စနစ်တစ်ခုနှင့် ဓာတ်ခွဲခန်းများအား...
မော်စကို၊ ဧပြီ ၇ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူကရိန်း၌ ရုရှားစစ်တပ်က အရပ်သားများအား သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြစ်သည့် ”ဘူချာ ဖြစ်ရပ်”ကြောင့် ဥရောပတိုက်တွင် ပြင်းထန်သည့် သံတမန်တိုက်ပွဲ ဖြစ်ပွားလာသည်။ ဥရောပတိုက်နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က ရုရှားသံတမန် အယောက် ၁၀၀ ကျော်ကို နှင်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပေါ်ရုရှားဘက်က...
ပေကျင်း ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ နှင့် ဩစတြေးလျ နိုင်ငံတို့အား ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်မှု ၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် win-win ရလာဒ်များ အတွက် အာရှ-ပစိဖိတ်နိုင်ငံများ၏ ရည်မှန်းချက်ကို မျက်နှာမူရန် ၊...
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) မကြာခင်ကျရောက်တော့မည့် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပျက် ထိန်းသိမ်းဆင်နွှဲရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန က ဧပြီ ၇ ရက်တွင် နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနညွှန်ကြားရေးမှူး ဦးအာကာကျော်က “မြန်မာနိုင်ငံမှာ သင်္ကြန်ရိုးရာဆိုတာ ရှေးယခင်ကတည်းက ဆင်နွှဲလာကြတာဖြစ်တယ်။ လူမျိုးဘာသာမရွေး၊...
ကျိုချွမ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် Gaofen အမှတ် ၃ ဂြိုလ်တု ၀၃ အား ဧပြီ ၇ ရက် နံနက် ၇ နာရီ ၄၇ မိနစ် (ပေကျင်းစံတော်ချိန်)တွင်...
ဝါရှင်တန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် အထူးစစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည့် ရုရှားနိုင်ငံအပေါ် ထပ်တိုးအရေးယူမှုလုပ်သည့်အနေဖြင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်၏ သမီး ၂ ဦး နှင့် ရုရှားနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းစုများကို ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံက ဧပြီ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။...
ကိုလံဘို၊ ဧပြီ ၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa သည် မည်သို့သော အခြေအနေအောက်တွင်မဆို ရာထူးမှနုတ်ထွက်လိမ့်မဟုတ်ကြောင်း အစိုးရအဖွဲ့အကြီးအကဲ Whip Johnston Fernando က လွှတ်တော်တွင် ဧပြီ ၆ ရက်၌ ပြောကြားခဲ့သည်။ Fernando က နိုင်ငံသား...