ဆိုးလ် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) F-35A ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၄ ရက်တွင် လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်း ဆင်းသက်သည့် ဂီယာပြဿနာကြောင့် အရေးပေါ်ဆင်းသက်မှုတစ်ခု ပြုလုပ်ခဲ့ရကြောင်း တောင်ကိုရီးယားလေတပ်၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါ ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်သည် ဆိုးလ်မြို့၏...
ဂျေရုဆလမ်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံက အသက် ၆၀ နှစ်အထက်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စတုတ္ထမြောက် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းခွင့်ပြုခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက် (Naftali Bennett) က ဇန်နဝါရီ ၂ ရက်က ပြောကြားခဲ့သည်။ Pfizer...
ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆူဒန်နိုင်ငံ၌ ဆန္ဒပြသူများအား ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို ဇန်နဝါရီ ၃ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး ပြည်သူများ၏ လွတ်လပ်စွာ စုဝေးခွင့် နှင့် ဆန္ဒထုတ်ဖော်ခွင့်အတွက် ဆူဒန်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ဝတ္တရားများအား အတတ်နိုင်ဆုံး...
အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အီမရန်ခန်(Imran Khan) က ပါကစ္စတန်-တရုတ် စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သည် ပါကစ္စတန်နိုင်ငံတွင် စီးပွားရေးပတ်ဝန်းကျင်းကောင်းကို မြှင့်တင်ပေးရန် ကူညီပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ ယင်းဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ တက်ရောက်အမှာစကားပြောကြားစဉ် ပါကစ္စတန်ဝန်ကြီးချုပ်က ပါကစ္စတန်-တရုတ်...
ရာမာလာ ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘစ် (Mahmoud Abbas) က နိုင်ငံရေးသဘောတူညီချက်အသစ်တစ်ခုသည် အစ္စရေးကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်ရန် မဖြစ်မနေ လမ်းဖွင့်ပေးရမည်ဟု ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့ကြောင်း ပါလက်စတိုင်းအစိုးရပိုင် WAFA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ပါလက်စတိုင်းပြည်သူများအနေဖြင့် “...
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇန်နဝါရီ ၃ ရက်က ဖောက်ခွဲပစ္စည်းသယ်ဆောင်လာသည့် ဒရုန်းယာဉ် ၂ စီး တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း သေဆုံးဒဏ်ရာရမှု မရှိခဲ့ကြောင်း အီရတ် ပြည်ထဲရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်က ယင်းနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။ ဇန်နဝါရီ...
ပေကျင်း၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နျူကလီးယားလက်နက်ပိုင်(၅)နိုင်ငံခေါင်းဆောင်များသည်《နျူကလီးယားစစ်ပွဲ ကာကွယ်တားဆီးရေးနှင့် စစ်လက်နက်ပြိုင်ဆိုင်မှု ရှောင်ရှားရေးဆိုင်ရာ ပူးတွဲကြေညာချက်》ကို ပေကျင်းစံတော်ချိန် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာကျောရွှိက...
ပေကျင်း ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် လာမည့် ဆယ်စုနှစ်တွင် လမျက်နှာပြင်ပေါ်၌ သုတေသနအခြေစိုက်စခန်းတစ်ခုတည်ဆောက်ရေး အခြေခံပုံစံတစ်ခု အပါအဝင် လစူးစမ်းရှာဖွေရေးအစီအစဉ် စတုတ္ထအဆင့်အတွက် အတည်ပြုခဲ့ကြောင်း တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲရေးဌာန၏ ပြောကြားချက်အရ သိရသည်။ တရုတ်နိုင်ငံအနေဖြင့် လစူးစမ်းရှာဖွေရေးအတွက် အနာဂတ်တွင် ချန်အဲ-၆ ၊ ချန်အဲ-၇ နှင့် ချန်အဲ...
ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တရားဝင်စတင် ဖွင့်လှစ်ခဲ့သည်။ တစ်လကြာ ကာလတွင် မြောက်ဘက် တရုတ်နိုင်ငံ ကူမင်းမြို့မှ အစပြု၍ တောင်ဘက် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ထိ ရောက်ရှိသည့် ဤနိုင်ငံတကာ ရထားလမ်းကြီး၏ ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်မှု...
ဆိုးလ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်းက ၎င်း၏ အစိုးရအဖွဲ့ ပထမ ၅ နှစ်သက်တမ်းကုန်ဆုံးမည့် မေလထိတိုင်အောင် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ဖြစ်ထွန်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို ရပ်တန့်ပစ်မည် မဟုတ်ကြောင်း ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။