ကူမင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်တွင် နိုဝင်ဘာ ၂၆ ရက်၌ သွင်းကုန်ပို့ကုန်များ အကောက်ခွန်ဌာနမှ ဖြတ်သန်းခြင်းလုပ်ငန်းပြန်လည်စတင်ကြောင်း၊ ၎င်းမှာ တက်ဟုန်းပြည်နယ်ခွဲတွင် ကပ်ရောဂါ သက်ရောက်မှုကြောင့် ကုန်သွယ်မှုနယ်စပ်ဂိတ်များ ရပ်ဆိုင်းပြီးနောက် ပထမဆုံးသော သွင်းကုန်ပို့ကုန် ဖြတ်သန်းသွားလာမှုများ ပြန်လည်စတင်သည့်...
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) သည် ဥရောပ COVID-19 ဗီဇပြောင်းမျိုးစိတ်အသစ် ပျံ့နှံ့ခြင်းကို တားဆီးရန် အာဖရိကတောင်ပိုင်းဒေသမှ လေကြောင်းပျံသန်းမှုများကို “အရေးပေါ်ရပ်နားထားရေး” ကို ပြန်လည်ဆောင်ရွက်လိုကြောင်း ဥရောပကော်မရှင်က နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။
ရှီးချန်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအသစ်တစ်စင်းကို ယနေ့ (နိုဝင်ဘာ ၂၇ ရက်) က အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ပါဝင်ပတ်သက်သည့် အဖြစ်အပျက်ကို အသေးစိတ် ရှင်းလင်းရန် တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အား နိုဝင်ဘာ ၂၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ဝူဟန့်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်အာကာသသိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းသည် အာကာသနည်းပညာ”စွမ်းအင်သစ်” ကို ပျိုးထောင်ရာတွင် အရေးကြီးသော အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံ ၃၁ နိုင်ငံနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ယနေ့ (နိုဝင်ဘာ ၂၆ ရက်) တွင် ထုတ်ပြန်သည့် ခေတ်သစ်တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စက္ကူဖြူစာတမ်းအရ သိရသည်။
ဝူးလူမုချီ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း လမ်းဖောက်လုပ်တည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှုပမာဏသည် ယွမ် ၆၃.၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၉.၉ ဘီလီယံခန့်) ရှိကြောင်း ဒေသအစိုးရက သောကြာနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့အား COVID-19 ရောဂါအတွက် အလယ်အလတ်နှင့် မြင့်မားသောအန္တရာယ်ဧရိယာများ အဖြစ်မှ ကင်းစင်သွားပြီဖြစ်ကာ နိုဝင်ဘာ ၂၆ ရက်၌ ရောဂါအန္တရာယ်နည်းပါးအဆင့်သို့ လျှော့ချလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ငွေကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) မှ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဟန်ကျိုး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Sijaldo နှင့် နိုဝင်ဘာ ၂၅ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံစဉ် အမေရိကန်နိုင်ငံ၏ မကြာသေးမီက စီစဉ်သည့် အမည်ခံ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးအပေါ် လေးနက်သော ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။