ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား လွတ်လပ်သောကုန်သွယ်မှုဇုန် (FTA) သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်လာမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာန (MOC) အရ သိရသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂ ရက်က တရားဝင်လက်မှတ်ရေးထိုးခဲ့သော...
ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ထူထောင်ကြောင်း နိုဝင်ဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။ ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်မြောက်သည့်နှစ်ဖြစ်သည်။ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း၏ ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာအခင်းအကျင်းတွင်...
နေပြည်တော် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) စတုတ္ထအကြိမ်မြောက်၊ ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲ (4th World Media Summit)အား COVID-19 ရောဂါ သက်ရောက်မှုအောက်မှ မီဒီယာဖွံ့ဖြိုးရေးမဟာဗျူဟာ ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန ၊...
ကျိုချွမ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုအသစ်တစ်စင်းအား နိုဝင်ဘာ ၂၃ ရက်၌ လွှတ်တင်ခဲ့ကြောင်း သိရသည်။ Gaofen-3 02 အမည်ရှိသော ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၇:၄၅ နာရီက Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့်...
ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါစုံညီဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန ဝန်ကြီး ဟွမ်ခွန်းမင် တက်ရောက်၍ သမ္မတရှီကျင့်ဖိန်၏ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြားပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။...
ဘန်ကောက် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) နှင့် တရုတ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့်...
ပဲရစ်၊ ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex တွင် ကိုဗစ်-၁၉ (COVID-19) ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပြင်သစ်မီဒီယာက နိုဝင်ဘာ ၂၂ ရက်၌ သတင်းဖော်ပြခဲ့သည်။ Castex သည် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဘယ်လ်ဂျီယံ...
ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် သမ္မတရှီက လက်ရှိ ကမ္ဘာတွင် နှစ် ၁၀၀ တွင် မကြုံရဖူးသော ကြီးမားသည့်အပြောင်းအလဲနှင့် ကိုဗစ်ကပ်ရောဂါ...
ပေကျင်း ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) Xinhua News Agency (ဆင်ဟွာသတင်းဌာန) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီး ဆွေးနွေးပွဲ (WMS) က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ပေကျင်းမြို့၌ ပြုလုပ်သည့် ယင်းဆွေးနွေးပွဲသို့ ကမ္ဘာ့တစ်ဝှမ်းရှိ မီဒီယာလုပ်ငန်းစုပေါင်း ၂၄၀ ကျော်မှ...
ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးတွင် တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများက တရုတ်-အာဆီယံ...