နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အခြေစိုက် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ကလေးငယ်များအတွက် AR-15 ပုံစံငယ် semi-automatic ရိုင်ဖယ်သေနတ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း နယူးဒေလီအခြေစိုက် NDTV ရုပ်မြင်သံကြား သတင်းချန်နယ်က မကြာသေးမီက သတင်းဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ယူကရိန်းနိုင်ငံအတွင်း စစ်ဆင်ရေးတစ်ခုအား ကြေညာခဲ့ပြီးနောက် မကြာမီတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ရုရှားနိုင်ငံသမ္မတ ပူတင်အား တပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းတွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ကွီတို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် မြို့တော်ကွီတို၌ တရုတ်နိုင်ငံ Sinovac Biotech Ltd နှင့် ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်စလုံးမှ အီကွေဒေါတွင် ကိုဗစ်နှင့်အခြားကာကွယ်ဆေးများ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် သဘောတူခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ယူကရိန်း သမ္မတ ဇယ်လန်းစကီးတို့သည် အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)နှင့် တူရကီသမ္မတ ရီဆပ် တေရစ်ပ်အာဒိုဂန် (Recep Tayyip Erdoga) တို့ သည် ယူကရိန်းအကျပ်အတည်း နှင့် ရုရှားနှင့် အနောက်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ အာမခံချက်များနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၂၃ ရက်တွင်...
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ဖေဖော်ဝါရီ ၂၄ ရက်၌ ရုရှားနိုင်ငံ၏ စစ်ဆင်ရေး စတင်ဆောင်ရွက်လာပြီးနောက် နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးကြေညာလိုက်ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားလက်နက်ကိုင်တပ်ဖွဲ့များက ယူကရိန်း မြို့များကို အမြောက်နှင့်ပစ်ခတ်ခြင်း သို့မဟုတ် လေကြောင်းတိုက်ခိုက်ခြင်း လုပ်ဆောင်မည် မဟုတ်ကြောင်း ၊ ယူကရိန်း စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုသာ ပစ်မှတ်တိကျမှု မြင့်မားသည့် လက်နက်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၊ လှုပ်ရှားမှုများက အရပ်သားများကို ခြိမ်းခြောက်မှု ဖြစ်စေမည်မဟုတ်ကြောင်း TASS...
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) လာအို-တရုတ် မီးရထားကုမ္ပဏီ (LCRC) က ခရီးသည်များ၏ လိုအပ်ချက်မြင့်တက်လာခြင်းနှင့် ကိုက်ညီစေရန် ရှိနှင့်ပြီးသား မြန်နှုန်းမြင့် EMU (electric multiple unit) ရထားနှစ်စင်း၌ မြန်နှုန်းနိမ့်ရထားများ ထပ်တိုးပြေးဆွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်သံတမန်က ယူကရိန်းအရေးတွင် ပါဝင်သည့် သက်ဆိုင်သူများအားလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကီးယက်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ အကြီးဆုံး လေဆိပ် Boryspil နှင့် ယူကရိန်း အရှေ့ပိုင်းနှင့်တောင်ပိုင်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဖေဖော်ဝါရီ ၂၄ ရက်(ကြာသပတေးနေ့)တွင် ပြင်းထန်သည့်ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း Interfax-Ukraine သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။