ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့အကြား ဖေဖော်ဝါရီ ၄ ရက်တွင် ဆွေးနွေးမှုများသည် အလွန်အောင်မြင်ခဲ့ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Le Yucheng က မီဒီယာများအား ပြောကြားခဲ့သည်။
YANQING ၊ ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ယနေ့ ဖေဖော်ဝါရီ ၆ ရက်( တနင်္ဂနွေနေ့)တွင် ကျင်းပရန်ရှိသည့် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ အမျိုးသားတောင်စောင်းနှင်းလျှောစီးပြိုင်ပွဲကို ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ မီတာ ၂၀၀၀ အသင်းလိုက်လက်ဆင့်ကမ်း စကိတ်စီးပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းက နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံရေးခေါင်းဆောင်များက “Bird’s Nest”ဟု လူသိများသည့် အမျိုးသားအားကစားရုံ၌ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ကျင်းခဲ့သည့် ၂၄ ကြိမ်မြောက် အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ချီးကျူးခဲ့ကြကြောင်း သိရသည်။
ဘန်ကောက် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရထားစက်ခေါင်းထုတ်လုပ်ရေး (CRRC) Qishuyan Co. Ltd ကုမ္ပဏီမှ တပ်ဆင်ထုတ်လုပ်သည့် ရထားစက်ခေါင်းများ ပထမအသုတ်ကို ထိုင်းနိုင်ငံ၏ ရထားသယ်ယူ ပို့ဆောင်ရေးအဆင့်မြှင့်တင်ရန်အတွက် ထိုင်းရထားပို့ဆောင်ရေးအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပါရီ ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ နှင့် ပါရီ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲများကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တင်ဆက်ကပြသည့် အထူးယဉ်ကျေးမှုဖျော်ဖြေပွဲအစီအစဉ်တစ်ခု၏ မြင်ကွင်းပုံရိပ်များကို တရုတ်လပြက္ခဒိန် (ကျားနှစ်) ၏ ပထမဆုံးရက်ဖြစ်သော ဖေဖော်ဝါရီ ၁ ရက်တွင် ပြင်သစ်နိုင်ငံ၏ TV5 Monde...
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်နှင့်တွေ့ဆုံဆွေးနွေးစဉ်အတွင်း အမျိုးမျိုးသောကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ကစားသမား ဗစ်တာလီဘစ်ဒက်ရှ်တို့၏ စိန်ခေါ်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်မည့် Full Circle အမည်ရ MMA ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း One Championship...
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မြစ်ဝါမြစ်ဝှမ်းတွင် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေးများဆောင်ရွက်ပြီးနောက် ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင်၌ ကြီးမားသော တိုးတက်မှုရှိခဲ့ကြောင်း မြစ်ဝါမြစ် ထိန်းသိမ်းရေးကော်မရှင်က ထုတ်ပြန်သော နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ ၁၉၉၀ ခုနှစ်တွင် နိုင်ငံတော်ကောင်စီမှ ပြုလုပ်သော ပထမဆုံး မြေဆီလွှာတိုက်စားမှုစစ်တမ်းရလဒ်များနှင့် နှိုင်းယှဉ်ပါက မြစ်ဝါမြစ်ဝှမ်းရှိ...
ထျန်းကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံများအတွက် ရည်ရွယ်ထားသော ကုန်စည်စီးဆင်းမှုပမာဏသည် ဇန်နဝါရီလကုန်ပိုင်းအထိ ဆိပ်ကမ်းရှိ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း ဒေသခံအာဏာပိုင်များအရ သိရသည်။ ထျန်းကျင်းဆိပ်ကမ်းသည် ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ 20-foot equivalent unit...