ဆိုးလ်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ၎င်း၏အပေါင်းအပါအင်အားစုများက လတ်တလောကာလအတွင်း စစ်ရေးရန်စမှုကို မြောက်ကိုရီးယားအနေဖြင့် ရှုတ်ချကြောင်း၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကျင့်သုံး၍ ထိုရန်စမှုများကို ဟန့်တားသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးမူဝါဒရုံး အကြီးအကဲက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု KCNA သတင်းဌာနက ထိုနေ့၌...
– ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ သမ္မတ ရှီ၏ အထူးကိုယ်စားလှယ် ဟန်ကျိန့် တက်ရောက်မည် – တရုတ်နိုင်ငံက အာဆီယံနိုင်ငံများနှင့်အတူ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆောင်ရွက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော – အစ္စရေးနှင့် ဟားမက်စ်ကြား ဓားစာခံလွှတ်ပေးရေးသဘောတူညီမှုရရှိ – တောင်ကိုရီးယား အခြေခံဥပဒေတရားရုံးက သမ္မတယွန်းအား စွပ်စွဲပြစ်တင်မှုကို ဒုတိယအကြိမ်ကြားနာစစ်ဆေး – တရုတ်နိုင်ငံ...
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၆ ရက်တွင် တရုတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သံတမန်များနှင့် တွေ့ဆုံရာတွင် လတ်တလောကာလအတွင်း ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်၌ ဆိုးရွားသော အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ...
တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ၁၀ ကြိမ်မြောက် တောင်တရုတ်ပင်လယ်အရေး နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုယန္တရား (BCM) အစည်းအဝေးအား တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် ဇန်နဝါရီ ၁၆ ရက်၌ ကျင်းပခဲ့ရာ ပင်လယ်ရေကြောင်း အငြင်းပွားမှုများနှင့် သဘောထားကွဲလွဲမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရန် နှစ်ဖက် သဘောတူညီခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ...
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၄၂၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၁၇.၁.၂၀၂၅) တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ထုတ်ပြန်သော Market Rate ဈေးနှုန်းများ...
ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ စရီအန်ဂါလဲ အီစ်ဝရီ-စရီ မဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်း (Sri Angala Eswari and Muneeswarar) တွင် ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်သည့် နွားလွှတ်ပွဲတော်မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။(Xinhua)
ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန် အစိုးရက ပိတ်ပင်ဖွယ်ရှိသည့်အပေါ် စိုးရိမ်မှုများကြောင့် TikTok မှ ကူးပြောင်းလာသည်ဟုဆိုသော ပြည်ပမှ သုံးစွဲသူအသစ်များ ယခုသီတင်းပတ်အတွင်း ရုတ်ခြည်းတိုးပွားလာသည်ကို လူကြိုက်များသော လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုရှိ တရုတ်အင်တာနက် သုံးစွဲသူများက သတိပြုမိခဲ့ကြသည်။ Instagram နှင့် Pinterest တို့၏...
-ကော့သောင်းမြို့နယ် အောင်ဘာကျေးရွာမှာ မဟာဓာတ်အားလိုင်းပြင်ပ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေ (၁၆/၁/၂၀၂၅ – MRTV) -မြန်မာ့စာပို့တံဆိပ်ခေါင်းများကို စုစည်းထားသည့် Myanmar Postage Stamps စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေ (၁၆/၁/၂၀၂၅ – MRTV) -သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ်...
တရုတ်နိုင်ငံ အနောက်ပိုင်း ဒေသများကို ကမ္ဘာ့ဈေးကွက်များနှင့် ချိတ်ဆက်ထားသည့် အရေးပါသော ထောက်ပံ့သယ်ယူပို့ဆောင်ရေးကွန်ရက် ဖြစ်သည့် နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်က ကမ္ဘာတစ်ဝန်း ဆိပ်ကမ်း ၅၅၅ ခုနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ အခြေစိုက်ထားသည့် လုပ်ငန်းလည်ပတ်ရာအချက်အချာဖြစ်သော အဆိုပါ ကုန်သွယ်မှုစင်္ကြံသည် ကွမ်ရှီးနှင့် ယူနန် စသည့်...
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ဘိန်းဖြူ ၅.၉၄ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၇ ရက်က မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင်...