ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သည့် အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ပဲခူးမြို့ရှိ ကုန်းမြင့်ပိုင်း ရပ်ကွက်များသို့ပါ ရေများတဖြည်းဖြည်းချင်း မြင့်တက်လျက်ရှိကာ တစ်မြို့လုံးရေကြီးရေလျှံဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူများလည်း အလျင်မီအောင် လှေနှင့်သွားရောက် ကယ်ဆယ်လျက်ရှိသည်။
ဂျေရုဆလမ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံမှ ဖြတ်ကျော်လာသော စစ်သွေးကြွများနှင့် ဖြစ်ပွားသောတိုက်ခိုက်မှုအတွင်း အစ္စရေး ကြည်းတပ် ဒုတိယဗိုလ်မှူးချုပ် သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံရှိ ခရိုင် ၁၃ ခုမှ ပြည်သူ ၇၁,၀၀၀ ကျော်မှာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရကြောင်း သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုစင်တာ (DMC) က အောက်တိုဘာ ၉ ရက်၌ ပြောကြားခဲ့သည်။ ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများကြောင့်...
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်လွန်ကာ ပဲခူးမြို့တွင် ရေများဝင်ရောက်လာသည့်အတွက် လူဦးရေ ၁၄,၃၀၄ ဦးကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်းပဲခူးမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ဆင်ဟွာသို့ အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂:၂၁ နာရီတွင်...
ဝူဟန့်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ ရေပြင်ညှိဆည်မှတစ်ဆင့် ကုန်စည်ဖြတ်သန်းစီးဆင်းမှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း တန်ချိန် ၁၂၇ သန်းရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၀.၀၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာ ၈ ရက် အချက်အလက်များ၌ ဖော်ပြထားသည်။...
ဝါရှင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ဟားမက်စ်တိုက်ခိုက်ရေးသမားများကြား ပဋိပက္ခအရှိန်မြင့်တက်နေသည့်ကြားမှ အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်က အစ္စရေးအား ထောက်ခံမှုကို ဖော်ပြသည့်အနေဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းဒေသဆီသို့ စစ်ရေယာဉ်များနှင့် တိုက်လေယာဉ်များ စေလွှတ်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောတစ်စင်း၊ ပဲ့ထိန်းဒုံးကျည်စစ်သင်္ဘောတစ်စင်း၊...
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှုများ ဆိုးဝါးနေသည့်အပေါ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများနှင့်အတူ နယ်စပ်ဒေသရဲတပ်ဖွဲ့ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် အားဖြည့်ပြီး ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို ဆက်တိုက် ဆောင်ရွက်ခဲ့သည်။ ယခုရက်ပိုင်းများတွင် အစောပိုင်းကာလ...
ဟန်ကျိုး၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် အာရှအားကစားပွဲ ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက် ညပိုင်းက ဟန်ကျိုးမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် တက်ရောက်ခဲ့သည်။ အာရှအားကစားပွဲ ကျင်းပခဲ့သည့် ၁၆ ရက်ကြာ ကာလတွင်...