နယူးဒေလီ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် လက်ရှိ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကို တိုက်ဖျက်နေရခြင်းဖြစ်သော်လည်း တစ်နိုင်ငံလုံး လော့ခ်ဒေါင်းချမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ဧပြီ ၂၀ ရက် ညပိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုများ မြင့်တက်လာချိန်တွင် COVID-19 လူနာများအတွက် အောက်စီဂျင်ဆလင်ဒါအိုးများ ပြင်ဆင်နေပြီး Quarantine စင်တာများ တည်ဆောက်လျက် ရှိကြောင်း သိရသည်။
ဆော်ပိုလို ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၀ ရက်၌ ထုတ်ပြန်ခဲ့သော နောက်ဆုံးစာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၆၉,၃၈၁ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၄,၀၄၃,၀၇၆ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19...
မက္ကဆီကိုစီးတီး၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံရှိ ပြည်နယ်အချို့တွင် သီတင်းပတ်နှစ်ပတ်အတွင်း လူကိုယ်တိုင်တက်ရောက်ရမည့် အတန်းများ ပြန်လည်ဖွင့်လှစ်ရန် ကြေညာခဲ့ပြီးနောက် ပြည်နယ် ငါးခုတွင် ဆရာ၊ ဆရာမများနှင့် အခြားသော ပညာရေးဝန်ထမ်းများအား တရုတ်နိုင်ငံ CanSino ဆေးဝါးကုမ္ပဏီမှ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘိုးအောက်၊ဧပြီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ယခုနှစ်တွင် COVID-19 ကာကွယ်ဆေး ၃ ဘီလီယံကျော် ထုတ်လုပ်သွားရန် မျှော်လင့်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဟူပေ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) စီဝူ အမြန်အဝေးပြေးလမ်းမကြီး၏ ဟူပေပြည်နယ် ကျူဆန်းခရိုင် ရိရွှေမြို့နယ်ရှိ ပင်မတည်ဆောက်မှုအပိုင်းသည် ယခုရက်ပိုင်းတွင် အလုံးစုံပြီးစီးခဲ့ပြီဖြစ်ရာ တွဲဖက်ဆောက်လုပ်ရေးလုပ်ငန်းများကို ပြောင်းလဲ၍ ဘက်စုံဆောင်ရွက်လျက်ရှိ သည်။
နယူးယောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဇူလိုင်လမတိုင်မီ ပထမဆုံး ပြည်ပ COVID-19 ကာကွယ်ဆေးကို ခွင့်ပြုရန် စီစဉ်ထားကြောင်း အမေရိကန် မီဒီယာက သတင်းဖော်ပြထားသည်။
ဂျီနီဗာ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းတွင် ပြီးခဲ့သောအပတ်တွင် ရောဂါ ဖြစ်ပွားမှု ၅ ဒသမ ၂ သန်းနှင့်အတူ COVID-19 ကူးစက်မှုအသစ်များသည် သီတင်းပတ် ၈ ပတ်ဆက်တိုက် တိုးလာခဲ့ကြောင်း နှင့် လူငယ်များတွင် စိုးရိမ်ဖွယ်ရာ တိုးနှုန်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဧပြီ ၁၉...
ဆန်တီရာဂို၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Sinovac Biotech လီမိတက်မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးသည် ရောဂါကြောင့်သေဆုံးမှုကို ကာကွယ်ရာတွင် ၈၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ချီလီနိုင်ငံ၌ မကြာသေးမီက ပြုလုပ်ထားသည့် ချီလီနိုင်ငံရှိ real-world study လေ့လာမှု၌ ဖော်ပြထားသည်။
ရာမာလာ ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများ၏ ဧပြီ ၁၉ ရက် COVID-19 ကပ်ရောဂါဆိုင်ရာ ထုတ်ပြန်ကြေညာချက်များအရ နိုင်ငံအသီးသီး၏ ကပ်ရောဂါအခြေအနေမှာ ကွဲပြားမှုများရှိနေကြပြီး အချို့နိုင်ငံများတွင် ကပ်ရောဂါအခြေအနေတစ်ကြော့ပြန် ဆိုးရွားမြင့်တက်လာခဲ့ကာ ရောဂါထပ်မံကူးစက်ခံရသူအရေအတွက်မှာလည်း မြင့်မားသည့် အခြေအနေတွင်ရှိနေကြောင်း ၊ အချို့နိုင်ငံများကမူ ကပ်ရောဂါအခြေအနေက သိသာထင်ရှားစွာ...