Connect with us

Myanmar

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအား တွေ့ဆုံခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် မိတ်ဆက်သရုပ်ပြ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ရန်ကုန်မြို့တွင်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ (၃၆) ပါတီ အား တွေ့ဆုံခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် မိတ်ဆက်သရုပ်ပြ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ စက်တင်ဘာ ၅ ရက်၌ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရွေးကောက်ပွဲများ၌ မဲပေးရာတွင် မဲမသမာမှု မဖြစ်စေရန်၊ မြန်ဆန်လွယ်ကူစေခြင်း၊ အချိန်တိုအတွင်း တိကျသော မဲလက်မှတ်များရရှိစေခြင်း၊ ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ ပယ်မဲမရှိခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ရသည့် ကုန်ကျစရိတ်များလျော့နည်းစေခြင်းတို့အတွက် ရည်ရွယ်ပြီး အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက အခမ်းအနားတွင် ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် အီလက်ထရောနစ် မဲပေးစက် (Electronic Voting Machine – EVM) ကိုအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါအီလက်ထရောနစ် မဲပေးစက်ကို မြန်မာ အီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine – MEVM) ဟု ခေါ်တွင်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ ကျွမ်းကျင် နည်းပညာရှင်များဖြင့် တီထွင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အစိတ်အပိုင်း (၃) ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ယင်းတို့မှာ (၁) ဆန္ဒပြုစက် (Ballot Unit-BU)၊ (၂) ထိန်းချုပ်စက် (Control Unit -CU) နှင့် (၃) မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU) တို့ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြုစက်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတို့၏ အမည်၊ တံဆိပ်တို့ကို အက္ခရာစဉ် အလိုက်စီ၍ အမှတ်စဉ်တပ်ကာ ကပ်နှိပ်ထားမည် ဖြစ်သည်။ ထိုသို့ကပ်နှိပ်ထားသည့် ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတို့၏ အမည်၊ တံဆိပ်နှင့် တစ်တန်းတည်းတွင် ဆန္ဒပြုနိုင်မည့် ခလုတ်ပေါင်း ၁၆ ခုပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဦးသိန်းစိုးက “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အကြိမ်ကြိမ်စမ်းသပ် စစ်ဆေးဆောင်ရွက်ပြီးတဲ့နောက် နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများကို ရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးစေခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုမဲပေးခြင်းအားဖြင့် မဲဆန္ဒရှင်ပြည်သူများအတွက် ပိုမိုရှင်းလင်း လွယ်ကူပြီး မဲရလဒ်များကို တိကျမှန်ကန်စွာ၊ မြန်ဆန်စွာ ရေတွက်နိုင်မှာ ဖြစ်ပါတယ်” ဟု အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ နိုင်ငံရေးပါတီအဖြစ် ပြန်လည်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၅၀ ပါတီ၊ ပါတီအသစ်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၁၄ ပါတီ ရှိပြီး၊ စုစုပေါင်း ၆၄ ပါတီ ရှိကြောင်း သိရသည်။
ယင်းအနက် ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့် ပါတီ ၁၂ ပါတီ ရှိပြီး၊ တိုင်းဒေသကြီး၊ ပြည်နယ်များ အတွင်း စည်းရုံးမည့်ပါတီ ၅၂ ပါတီ ပါရှိကြောင်း ဥပဒေနှင့် အညီ ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ ပါတီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄၀ အရ နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ကြောင်း သိရသည်။

“အဲဒီ ၆၄ ပါတီထဲမှာမှ ဥပဒေနဲ့အညီစိစစ် ခွင့်ပြုလျက်ရှိပြီး ဒီနေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၆ ပါတီရှိပါတယ်။ အဲဒီ၃၆ ပါတီထဲမှာမှ ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ပါတီ ၃၀ နဲ့ ပါတီအသစ် ၆ ပါတီ တို့ ပါရှိပါတယ်။ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီ ၇ ပါတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း စည်းရုံးမယ့်ပါတီ ၂၉ ပါတီဖြစ်ပါတယ်။ ကျန်တဲ့ပါတီတွေကိုလည်း ဆက်လက်စိစစ်လျက်ရှိပါတယ်” ဟု ဦးသိန်းစိုး ကပြောကြားခဲ့သည်။ (Xinhua)