ပေကျင်း၊ဧပြီ ၈ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တုံ့ပြန်ကိုင်တွယ်ပုံမှာ ချီးကျူးစရာကောင်းကြောင်း နှင့် ကြီးမားသောအကျပ်အတည်းတစ်ခုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။
နန်နင်း ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တောင်ပိုင်းမြို့တော် နန်နင်းမြို့၌ အွန်လိုင်း(online) နှင့် အော့လိုင်း (offline) နှစ်မျိုးစလုံးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးက ဧပြီ ၇ ရက်တွင်...
ဂျကာတာ၊ဧပြီ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရေကြီးမှုများနှင့်မြေပြိုမှုများအတွင်း အနည်းဆုံး လူပေါင်း ၁၃၈ ဦးသေဆုံးပြီး အခြား ၆၁ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။
အက်ဒစ်ဘာဘာ၊ ဧပြီ ၇ ရက် (ဆက်ဟွာ) The number of confirmed COVID-19 cases in Africa reached 4,282,183 as of Tuesday, the Africa Centers for Disease Control and Prevention...
ဘေရွတ် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအား အထောက်အပံ့ဖြစ်စေရန် တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinopharm မှ ထုတ်လုပ်သော ကာကွယ်ဆေး အသုတ်နှစ်သုတ်သည် ဧပြီ ၆ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရောမ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ရောမ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ စီးပွားရေးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၁ သန်းနီးပါး ဆုံးရှုံးခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားအဆင့် စာရင်းအင်းဌာန(ISTAT) က ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Frederickမြို့ရှိ Fort Detrickစစ်အခြေစိုက်စခန်းအနီးတွင် ဧပြီ ၆ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးသည် စစ်အခြေစိုက်စခန်းသို့ ဝင်ရောက်ရန် ကြိုးပမ်းချိန်တွင် သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
ဘဲလ်ဂရိတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဆာဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic သည် ဧပြီ ၆ ရက်က နိုင်ငံ အရှေ့ပိုင်း Majdanpek မြို့တွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်မှုအသစ် ၁၁၅,၇၃၆ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်အချက်အလက်အရ သိရသည်။