Connect with us

Politics

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ ၂၄ ဦးကို ၄ ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်

ရန်ကုန်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ ၂၄ ဦးကို ၄ ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဩဂုတ် ၂၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ (ဩဂုတ် ၂၆ ရက်) တွင်လည်း ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ ၅ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရုတ်ရဲတပ်ဖွဲ့ထံ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လွှဲပြောင်းပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယခုအချိန်အထိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ စုစုပေါင်း ၂၄ ဦးကို ၄ ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဤလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံနှင့် အခြားသက်ဆိုင်ရာအဘက်ဘက်များနှင့်အတူတကွ လောင်းကစားလိမ်လည်မှုများအား ပူးပေါင်းနှိမ်နင်းရန် တရုတ်နိုင်ငံ၏ ခိုင်မာသောရပ်တည်ချက်ကို ပြသလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သက်ဆိုင်ရာအဘက်ဘက်အားလုံးသည် ဒေသတွင်း လောင်းကစားလိမ်လည်မှုများကို နှိမ်နင်းရန် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုတက်ကြွသော သဘောနှင့် ပိုမိုကျွမ်းကျင်သော လုပ်ဆောင်ချက်များကို အသုံးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)