ချိန်တူး၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချိန်တူးမြို့နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်အကြားပထမဆုံး ချိတ်ဆက်ပြေးဆွဲသည့် တရုတ်-ဥရောပ ကုန်တင်ရထားသည် ပြီးခဲ့သည့် တနင်္လာနေ့က ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ရထားသည် ဖေဖော်ဝါရီ ၂၁ ရက်ကချိန်တူး မြို့မှ ထွက်ခွါလာခဲ့ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် အောက်တွင် အကောင်အထည်ဖော်ဆောင်နေသည့်...
ဗီယင်ကျန်း၊ မတ် ၁၈ (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့သည် လာအိုနိုင်ငံ၌ COVID-19 တုံ့ပြန်ရေးအတွက် ပံ့ပိုးရန် စီမံကိန်းတစ်ခုကို ကြေညာခဲ့ကြောင်း သိရသည်။
REMBAU ၊ မလေးရှား၊ မတ် ၁၈ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံသည် အမျိုးသားကာကွယ်ဆေးထိုးနှံခြင်းကို တွန်းအားပေးဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများဖြင့် ကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂျီနီဗာ၊ မတ် ၁၈ ရက်(ဆင်ဟွာ) နိုင်ငံများက ကြိုတင်ကာကွယ်သည့်အနေဖြင့် AstraZeneca ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှုကို ယာယီရပ်ဆိုင်းခဲ့သော်လည်း အဆိုပါကာကွယ်ဆေး၏ကပ်ရောဂါတိုက်ဖျက်ရေးထိရောက်မှုက ဖြစ်နိုင်သည့် အန္တရာယ်ထက်ပိုများခြင်းကြောင့် ကာကွယ်ဆေးဆက်လက်အသုံးပြုရန် အကြုံပြုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဝင်းလ်ဟိုခ်၊ မတ် ၁၈ ရက် (ဆင်ဟွာ) နမီးဘီးယားနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံမှုကမ်ပိန်းအတွက် အထောက်အကူဖြစ်စေရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးလုပ်ငန်းမှ COVID-19 ကာကွယ်ဆေး ပထမအသုတ် သည် မတ် ၁၆ ရက် မွန်းလွဲပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ၌ ပြည်သူ ၄ ဒသမ ၂ သန်းကျော်မှာ တရုတ်နိုင်ငံ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင်...
လန်ဒန်၊ မတ် ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် မတ် ၁၆ ရက်အထိ ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးသူ (၂၅,၂၇၃,၂၂၆)ဦး ရှိရာ စုစုပေါင်းလူဦးရေ၏ သုံးပုံတစ်ပုံကျော်က ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၁၇ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
အစ္စလာမ်မာဘတ်၊မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ပေးအပ်လှူဒါန်းသော COVID-19 ကာကွယ်ဆေးဒုတိယအသုတ်ကို ပါကစ္စတန်နိုင်ငံက မတ် ၁၇ ရက်တွင် လက်ခံရရှိခဲ့ပြီး ယင်းကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်အနီးရှိ Noor Khan လေတပ်အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မနီလာ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် နိုင်ငံခြားသားများနှင့် ပြည်ပမှ ပြန်လာကြမည့် နိုင်ငံသားအချို့ ဝင်ရောက်မှုကို ယာယီကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့၌ မတ် ၁၆ ရက်တွင် ပစ်ခတ်မှု သုံးခု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။