Connect with us

Business

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ ၄ လအတွင်း မြန်မာနိုင်ငံမှ ပြောင်းတန်ချိန် ၈ သိန်းကျော် တင်ပို့နိုင်

ပြောင်းဖူးများ ဖြန့်ခင်းထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၄ လအတွင်း ပြောင်းတန်ချိန် ၈ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း (MCIA) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဖြိုးကိုကိုနိုင်က ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၇ ရက်၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက ယခုဘဏ္ဍာနှစ် လေးလတာကာလအတွင်း ပြောင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၄၀ ကျော် ရရှိခဲ့ကြောင်း MCAI မှ သိရသည်။
“ကမ္ဘာ့ပြောင်းဈေးကွက်ကျဆင်းမှုကြောင့် ဒီနှစ်ကတော့ ပြောင်းတင်ပို့မှု ကျဆင်းခဲ့တာရှိပါတယ်” ဟု ဒေါက်တာဖြိုးကိုကိုနိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ပြောင်းစိုက်ပျိုးမှု၏ ၆၅ ရာခိုင်နှုန်းခန့်ကို ရှမ်းပြည်နယ်တွင် စိုက်ပျိုးလျက်ရှိပြီး၊ ၁၀ ရာခိုင်နှုန်းခန့်ကို ဧရာဝတီတိုင်း ဒေသကြီးတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် နှစ်စဉ် ပြောင်းတန်ချိန် ၃.၂ သန်းခန့် ထုတ်လုပ်လျက်ရှိပြီး ပြည်ပဈေးကွက်သို့ တန်ချိန် ၂ သန်းခန့် တင်ပို့လျက်ရှိကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၈ ရက် အထိ စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅.၀၉ ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)