မော်စကို၊မတ် ၃ရက်(ဆင်ဟွာ) သက်သေတစ်စုံတစ်ရာမရှိဘဲ Alexei Navalny အား ရုရှားအစိုးရက အဆိပ်ခတ်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံသားတစ်ဦးချင်း နှင့် သီးခြားလူပုဂ္ဂိုလ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့ကြောင်း မတ် ၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်အစိုးရအနေဖြင့် “ မီးနှင့်ဆော့ကစားခြင်း မပြုရန်” ရုရှားနိုင်ငံက တိုက်တွန်းလိုက်သည်။
ဂျကာတာ၊ မတ် ၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယင်းမှ မှုတ်ထုတ်လိုက်သည့် ပြာမှုန့်များသည် (၅,၀၀၀)မီတာ အမြင့်ထိရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မတ် ၂ ရက် မွန်းလွဲ ၂ နာရီအထိ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ ၅ သန်းကျော်ရှိပြီဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရိုး ၊ မတ် ၃ ရက်(ဆင်ဟွာ) ဘရာဇီးဂန္တဝင်ဘောလုံးအကျော်အမော် ပီလီက COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး“ လုံးဝမမေ့နိုင်စရာ” ဖြစ်ကြောင်း နှင့် ကပ်ရောဂါအဆုံးသတ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ကွာလာလမ်ပူ ၊ မတ် ၃ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံက တရုတ်နိုင်ငံ၏ ဇီဝဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို အသုံးပြုရန်အတွက် အခြေအနေရခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဗျူနိုအေးရိစ် ၊ မတ် ၂ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံတွင် မတ်လ ၁ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအားစတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံသို့ ပထမအသုတ် ရောက်ရှိလာသည့် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ ထုတ် COVID-19 ရောဂါ...
အက်ခ်ရာ၊ မတ် ၂ ရက် (ဆင်ဟွာ) ဂါနာနိုင်ငံ သမ္မတ Nana Addo Dankwa Akufo-Addo သည် မတ် ၁ ရက်က ဂါနာနိုင်ငံတွင် ပထမဆုံး COVID-19 ကာကွယ်ဆေးထိုးနှံသူဖြစ်လာခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ မတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်တွင်းထုတ် C919 ခရီးသည်တင် လေယာဉ်အား ဈေးကွက်အတွင်း တရားဝင်ရောက်ရှိရန် China Eastern Airlines နှင့် တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ကော်ပိုရေးရှင်း(COMAC) တို့ကြား လေယာဉ်ငါးစင်း ဝယ်ယူရန်အတွက် မတ် ၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း...
မနီလာ၊မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac CoronaVac ကာကွယ်ဆေးများတင်ဆောင်လာသော လေယာဉ်ကြီးသည် ဖိလစ်ပိုင်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာခဲ့ရာ ယင်းမှာ ဖိလစ်ပိုင်ငံသို့ COVID-19 ကာကွယ်ဆေး ပထမဦးဆုံးရောက်ရှိလာခြင်းလည်း ဖြစ်သည်။
မကာအို၊ မတ် ၁ ရက်(ဆင်ဟွာ) ဒုတိယအသုတ် Sinopharmကာကွယ်ဆေး (၄)သိန်းသည် ဖေဖော်ဝါရီ ၂၈ ရက်က တရုတ်နိုင်ငံ မကာအိုသို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုများကို လာမည့်အပတ်တွင် စတင်ရန် ခန့်မှန်းထားကြောင်းသိရသည်။