ဝါရှင်တန်၊မတ် ၂ ရက်(ဆင်ဟွာ) ယခင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဇနီး Melania Trump တို့နှစ်ဦးစလုံးသည် ဇန်နဝါရီလက သမ္မတအိမ်ဖြူတော်မှ မထွက်ခွာမီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သီးသန့်ထိုးနှံမှုခံယူခဲ့ကြောင်း ထရမ့်အကြံပေး တစ်ဦး၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ အမေရိကန်မီဒီယာက မတ် ၁ ရက်တွင် ဖော်ပြခဲ့သည်။
ဘူဒါပတ် ၊ မတ် ၁ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban သည် တနင်္ဂနွေနေ့က တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊မတ် ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့သည် ယခင်သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်လက်ထက်က အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ကွဲကွာနေကြရသော ရွှေ့ပြောင်းနေထိုင်သူများ၏ မိသားစုဝင်များကို အမေရိကန်နိုင်ငံအတွင်း ပြန်လည်ပေါင်းစည်းခွင့်ရရှိစေရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas က မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊မတ် ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်ငံသမ္မတဒူတာတေးက ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရန် Sinovac ကာကွယ်ဆေးများ ပေးပို့လှူဒါန်းသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်သည်။
ဒမတ်စကပ်စ်၊ မတ် ၁ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တစ်ဝိုက်ဒေသကို အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ ဆီးရီယားလေကြောင်းကာကွယ်ရေးစနစ်က ဒုံးကျည်အများစုကို ပြန်လည်ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယားစစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ပါရီ ၊ မတ် ၁ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ၌ ပြီးခဲ့သော ၂၄ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်လူနာသစ် ၁၉,၉၅၂ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၂၂ ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးအေဂျင်စီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ ၊ မတ် ၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinovac ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေး ရောက်ရှိလာပြီးနောက် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်အား ယနေ့ မတ် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး၊မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေး ဒုတိယအသုတ်သည် မက္ကဆီကိုနိုင်ငံသို့ စနေနေ့က ရောက်ရှိလာခဲ့ကြောင်း မက္ကဆီကိုကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ဆေးဝန်ထမ်းစသည့် ရောဂါကူးစက်မှုအန္တရာယ်များသည့်လူအုပ်စုများကို တရုတ်နိုင်ငံ Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးAnutin Charnvirakul အပါအဝင် ကက်ဘိနက်အဖွဲ့ဝင် (၅)ဦးက ကာကွယ်ဆေးထိုးနှံမှုကို ဦးစွာခံယူခဲ့ကြောင်းသိရသည်။
ဒါကာ ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စာသင်ကျောင်းများ နှင့် ကောလိပ်များ အားလုံး မတ်လ ၃၀ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဟု အစိုးရက ကြေညာခဲ့သည်။