ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် အောက်တိုဘာလ မှ သြဂုတ်လ အထိ နိုင်ငံခြားသား ၆၇၂,၇၁၁ ဦးဝင်ရောက်ခဲ့ ပြီး ကာလတူဖြစ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အောက်တိုဘာ မှ သြဂုတ်လ အထိ နိုင်ငံခြားသားဝင်ရောက်မှု မှာ ၁,၁၁၆,၆၄၀ဦးဝင်ရောက်ခဲ့...
ဘေရွတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့ပြကာကွယ်ရေးအဖွဲ့က ဘေရွတ်မြို့ဆိပ်ကမ်းတွင် စက်တင်ဘာ ၁၀ ရက် အစောပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုကြီးကို ၇၀ ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီဖြစ်ကြောင်း ဒေသတွင်း ရုပ်သံလိုင်း al-Jadeed က သတင်းဖော်ပြခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁၅) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၁၄)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၁ရက် နံနက် ၈နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းရော လူကိုယ်တိုင်ပါ တက်ရောက်နိုင်သည့် အဓိက နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲဖြစ်သော ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကို စက်တင်ဘာ ၉...
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) COVID-19 ရောဂါနှင့် ပတ်သက်ပြီး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား တင်းတင်းကျပ်ကျပ်ဖြင့် နှစ်ပတ်၊ သုံးပတ်ခန့် လိုက်နာလိုက်လျှင် ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်မည့် အခြေအနေကို ရောက်ရှိနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းအတွင်း...
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၁၀ ရက်) ညပိုင်း၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၄၂) ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန် ကုန်စည်ပြပွဲအတွင်း ခင်းကျင်းပြသခဲ့သော တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများသည် စိတ်ဝင်စားမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သလို ဗိုင်းရပ်စ်တိုက်ပွဲကို အောင်မြင်မှုရရှိရန် နောက်ဆုံးဖြေရှင်းမှုအတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်အတွင်း ကျင်းပရန်စီစဉ်ထားသော တိုင်းဒေသကြီး နှင့် ပြည်နယ် ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲကို COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ် တွင် ပြောင်းလဲကျင်းပရန်လျာထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (YGN FDA)မှ ဝန်ထမ်းများသည် COVID-19 ရောဂါပိုးရှိလူနာ နှင့် ထိတွေ့မှုရှိသဖြင့် စက်တင်ဘာ ၁၁ရက်မှ စ၍ Quarantine ဝင်ရမည်ဖြစ်သောကြောင့် လုပ်ငန်းများ အားလုံးခေတ္တရပ်နားထောင်းကြောင်း စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား အချိန်မီ တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ ပြည်တွင်းခရီးသွားလာခြင်း မပြုကြရန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ပြည်သူသို့ အသိပေးပန်ကြားချက် ထုတ်ပြန်ခဲ့သည်။