ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဖြစ်သူ အောင်လအန်ဆန်သည် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယနေ့တွင် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် အသိပေး ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ ၆ လ တာကာလအတွင်း စုစုပေါင်း ငလျင်၁၀၅ ကြိမ်လှုပ်ရှားမှု ဖြစ်ပွားခဲ့ကြောင်း နှင့် အင်အားပြင်းငလျင်တစ်ခု ပါခဲ့ကြောင်း၊ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူး...
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ညနေ ၆နာရီထိ ရုပ်အလောင်း ၁၄၆ လောင်း ရှာဖွေတွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD )ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒုတိယဥက္ကဌ (၁) နိုင်ငံတော် သမ္မတဦးဝင်းမြင့်တို့သည် ယနေ့မှစတင်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့(ဇူလိုင် ၂ ရက်)NLDပါတီက ထုတ်ပြန်သော...
ဂျကာတာ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ရှိနေလင့်ကစား အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီက လက်ရှိအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းများသည် ပြည်သူများ၏ စီးပွားရေးကို တိုက်ရိုက်မြှင့်တင်ရေး နှင့် အမျိုးသားစီးပွားရေး ပြန်လည်ထူထောင်ရေးကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်...
ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဝန်ကြီး မိုက်ပွမ်ပီယိုနှင့် ၎င်း၏အကြိုက်လိုက်သူများက တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် တရုတ်ပြည်သူများအကြားရှိ သွေးချင်းသားချင်းဆက်ဆံရေးကို ဖြတ်တောက်ရန် ကြိုးပမ်းသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၁ ရက်တွင်...
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၂၅ ဦးထိရှိလာကြောင်း နှင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ အန္တရာယ်ရှိလာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ခတ္တရပ်နားထားကြောင်း ဖားကန့်မြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး ဒုဦးစီးမှူးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) လုံးခင်း၊ ဖားကန့် ၊ ခန္တီး ၊ မော်လူး နှင့် မော်ဟန်ရတနာနယ်မြေများတွင် မိုးရာသီကာလ သုံးလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် ကျောက်မျက်ရတနာကုမ္ပဏီများသို့ ဇူလိုင်လ ၁ ရက်က ညွှန်ကြားစာ ပေးပို့အကြောင်းထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန...
ဟောင်ကောင် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) ဟောင်ကောင်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မြို့စောင့်တပ်ဖွဲ့က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြည့်အဝ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။
ဝယ်လ်လင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေးဗစ်ကလက် (David Clark) က ၎င်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ယနေ့ (ဇူလိုင် ၂ ရက်) တွင် ကြေညာလိုက်သည်။