မက်ဒရစ်၊ ဇွန် ၁ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ၌ မျောက်ကျောက်ရောဂါထပ်မံကူးစက်ခံရသော အတည်ပြုလူနာ ၁၂ ဦး ရှိကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး စပိန်နိုင်ငံ၌ စုစုပေါင်း ကူးစက်ခံရသူ ၁၃၂ ဦးအထိ တိုးလာခဲ့ကြောင်း သိရသည်။
ကျိန့်ကျိုး၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ လုံမန်ကျောက်လိုဏ်ဂူ ဖုန့်ရှန်းဘုရားကျောင်း၏ နောက်ဆုံး ရှေးဟောင်းသုတေသနရလဒ်များတွင် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က Vairocana ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်စဉ် ကြည်ညိုသပ္ပါယ်ဖွယ် အသွင်အပြင်ကို ကနဦး သိရှိရကြောင်း လုံမန်ကျောက်လိုဏ်ဂူ သုတေသနဌာနမှ သိရသည်။
ရှန်ဟိုင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ရှန်ဟိုင်းမြူနီစပယ်အစိုးရသည် ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် အစီအမံအသစ်များကို မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရှန်ဟိုင်းမြို့သည် ထိုကဲ့သို့သော အစီအမံများအား ချမှတ်လုပ်ဆောင်ခဲ့သည်မှာ သုံးနှစ်ဆက်တိုက် ရှိပြီ ဖြစ်ကြောင်း သိရသည်။ ရှန်ဟိုင်းမြို့သည် ခရီးသွားလုပ်ငန်း...
နူကူးအေလိုဖာ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ၎င်းတို့၏ သံတမန်ဆက်ဆံရေးထူထောင်ချိန်မှစတင်ကာ တွန်ဂါနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် ခိုင်မာသန်စွမ်းသောတိုးတက်မှုကို မြင်တွေ့ခဲ့ရပြီးဖြစ်ကြောင်း တွန်ဂါနိုင်ငံဘုရင် Tupou VI က မေ ၃၁ ရက်တွင်ပြောကြားခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မြဲမြံစွာလိုက်နာရန် ကတိပြုကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုကြီးမားတိုးတက်စေရန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝီစီးယားနား Xavier တက္ကသိုလ်ကျောင်းပရဝဏ်တွင် မေ ၃၁ ရက်က အထက်တန်းသင်ယူပြီးမြောက်ကြောင်း ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ပြီးနောက်တွင် လူ သုံးဦး သေနတ်ပစ်ခံရကြောင်း အာဏာပိုင်များက ဆိုသည်။
ကျိန့်ကျိုး၊ မေ ၃၁ ရက် (ဆင်ဟွာ) မက္ကဆီကို ကုန်တင်လေကြောင်းလိုင်း Mas ၏ ကုန်တင်လေယာဉ်တစ်စင်းသည် စနေနေ့တွင် တရုတ်နိုင်ငံ အလယ်ပိုင်း ကျိန့်ကျိုးမြို့ ရှိ Xinzheng အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ခဲ့သည်၊ ကျိန့်ကျိုးမြို့ နှင့် မက္ကဆီကိုမြို့ ကြားတွင် အသစ်ဖွင့်လှစ်လိုက်သော လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း၏ အောင်မြင်သော...
ကူမင်း၊ မေ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် နင်းနန်ခရိုင်နှင့် ယူနန်ပြည်နယ် ချောင်ကျားခရိုင်ဆက်ကြားရှိ ကျင်းဆားမြစ်လျှိုမြောင်၏ တောတောင်များက မိုးကျပြီးနောက် စိမ်းလန်းစိုပြေလျက်ရှိသည်ကို မေ ၃၀ ရက် နံနက်ပိုင်းတွင် တွေ့မြင်ရမည် ဖြစ်သည်။
စူဗား၊ မေ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအနွရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး စသည်တို့အား ကိုင်တွယ်နေသော နယ်ပယ်များတွင် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းအသစ်များ တည်ဆောက်ရန် ဆန္ဒရှိကြောင်း ဖီဂျီနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက...
ရှန်ဟိုင်း ၊ မေ ၃၁ ရက်(ဆင်ဟွာ) ရှန်ဟိုင်းမြို့သည် COVID-19 အလုံးစုံအန္တရာယ် ထိန်းချုပ်ဟန့်တားရေး လုပ်ဆောင်ခဲ့ပြီးနောက်တွင် ဇွန် ၁ ရက်မှစတင်ကာ မြို့အနှံ့ ထုတ်လုပ်မှု နှင့် လူနေမှု ပုံမှန်အစီအစဉ်အား နဂိုမူလအတိုင်း အပြည့်အဝ ပြန်လည် နေထိုင်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း ယနေ့ မေ ၃၁ ရက်တွင်...
ဂျကာတာ၊ မေ ၃၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ သင်္ဘောနစ်မြုပ်သွားသောနေရာ၏ အရှေ့မြောက်ဘက် ရေမိုင် ၄၅ မိုင် (၈၃ ကီလိုမီတာခန့်) အထိ ရှာဖွေရေးနေရာကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက မေ ၃၀ ရက်၌ ပြောကြားခဲ့သည်။