ပေကျင်း ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာမှုပြုလုပ်နေသည့် တရုတ်နိုင်ငံမှ လူမှုအဖွဲ့အစည်းတစ်ခုက “COVID-19 ကပ်ရောဂါက အမေရိကန်ပုံစံ လူ့အခွင့်အရေးများ(U.S.-Style Human Rights) ၏ အကြပ်အတည်းကို ပို၍ ကြီးထွားစေခဲ့ ” ဟူသည့် ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ကို ယနေ့ ဇွန်...
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်း ထားသည့် ၂၀၂၀ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ပြန်လည်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ကန်ပါလာ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ယူဂန်ဒါနိုင်ငံသို့ သီးနှံဖျက် ကျိုင်းကောင်းကာကွယ်တိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ ယင်းလှူဒါန်းပွဲအခမ်းအနားကို ဇွန် ၁၀ ရက်က ယူဂန်ဒါနိုင်ငံ ကန်ပါလာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အခြေခံအဆောက်အအုံအသစ် တည်ဆောက်မှု မြှင့်တင်ရေး အားထုတ်မှုအဖြစ် ယခုနှစ်အတွင်း အင်တာနက် 5G ကွန်ရက်အခြေစိုက်စခန်း ၁၃,၀၀၀ ထပ်မံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပေကျင်း မြူနီစီပယ် အာဏာပိုင်များက ဇွန် ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် အနောက်တောင်မုတ်သုံလေသည် တစ်နိုင်ငံလုံးသို့ ဇွန် ၁၀ ရက် တွင် စတင် ဝင်ရောက်ခဲ့ပြီး မိုးဦးကာလကို ရောက်ရှိပြီဖြစ်ကြောင်း၊ မုတ်သုံဝင်ရောက် သော်လည်း မုတ်သုံညံ့နေသေးကြောင်း၊ မိုးလေဝသ နှင့်...
ဗီယင်ကျန်း၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ၏ နောက်ဆုံး COVID-19 ရောဂါလူနာ တစ်ဦးသည် ဗီယင်ကျန်းမြို့ရှိ ဆေးရုံတစ်ရုံမှ ဇွန် ၉ ရက်တွင် ဆင်းသွားပြီဖြစ်ကြောင်း လာအို ကျန်းမာရေးဝန်ကြီးဌာနာ သတင်းအချက်အလက်နှင့်လေ့ကျင့်ရေးစင်တာက ယင်နေ့တွင် ကြေညာခဲ့သည်။
ထိုက်ယွမ် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်(Shanxi) ရှိ ထိုက်ယွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ သမုဒ္ဒရာစောင့်ကြည့်လေ့လာရေး ဂြိုလ်တုတစ်စင်းကို ယနေ့ ဇွန် ၁၁ ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ထဲသို့ ယနေ့ ညနေပိုင်းတွင် ဝင်ရောက်လုယက်ခဲ့သူများအနက် တစ်ဦးအား တစ်နာရီအတွင်း ဖမ်းဆီရးမိထားပြီး ကျန်ကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အတိုးမဲ့ ချေးငွေ ယွမ် သန်း ၈၀ ဖြင့် မြန်မာ့ မီးရထားမှ ဝယ်ယူ ထားသော လူစီးရထားတွဲ အသစ် ၂၈ တွဲ ဝယ်ယူခြင်းအတွက် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း အဆိုပါ တွဲအားလုံး...
ပေကျင်း၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) အမေရိကန်သည် စက်ရုပ်အကောင့်ထိန်းချုပ်မှုမှတစ်ဆင့် တရုတ်ဗိုင်းရပ်စ် ပြုလုပ်သည်ဟူသော အဆိုကို ဖြန့်ဝေခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာ၏ဖော်ပြချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က အခြားရည်ရွယ်ချက်ရှိသူများ၏ ကောလာဟသနှင့် အပုတ်ချပုတ်ခတ်ပြောဆိုမှုများသည် ဗိုင်းရပ်စ်ရောဂါပိုးထက် ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း ဇွန် ၉ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားခဲ့သည်။