ဟောင်ကောင် ၊ မေ ၉ ရက်(ဆင်ဟွာ) ဟောင်ကောင်ရေးရာကိစ္စရပ်များတွင် ၎င်းတို့၏ အသုံးမကျသော ပါဝင်ခြေရှုပ်နေမှုများကို ချက်ချင်းရပ်တန့်ရန် နှင့် ၎င်းတို့ရပ်တည်ရမည့်နေရာမှန်ပေါ်တွင် ရပ်တည်ရန် နှင့် သမိုင်းကြောင်း အခင်းအကျင်းပြောင်းလဲမှုကို အသိအမှတ်ပြုလက်ခံရန် ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံရေးသမားအချို့ကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးက မေ ၈...
ဟောင်ကောင် ၊ မေ ၉ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဂျွန်လီအား HKSAR ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသည့်အပေါ် မေ ၈ ရက်တွင် ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။
မနီလာ ၊ မေ ၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၂ အထွေထွေရွေးကောက်ပွဲ မတိုင်မီတစ်ရက်အလို မေ ၉ ရက်(တနင်္ဂနွေနေ့ညပိုင်း)တွင် နိုင်ငံတောင်ပိုင်းရှိ Maguindanao ပြည်နယ်၌ လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခံရမှုများအတွင်း အနည်းဆုံး လူ ၈ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဖနွမ်းပင် ၊ မေ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အားကောင်းသော ကိုဗစ်လုံးဝကင်းစင်ရေး(zero-COVID) ကိုင်တွယ်ဖြေရှင်းနည်းသည် ပြည်သူများ၏ အသက်ရှင်သန်ရေးအတွက် ကာကွယ်ရန် နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ် ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုအား လျော့ချရန် အရေးပါကြောင်း ကမ္ဘာဒီးယားပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ပဲရစ်၊ မေ ၈ ရက် (ဆင်ဟွာ) ပြင်သစ်သမ္မတ ရာထူးအပ်နှင်းခြင်းအခမ်းအနားကို မေ ၇ ရက်က အယ်လီဇေးနန်းတော်တွင် ကျင်းပခဲ့သည်။ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် မက်ခရွန်က လာမည့်သမ္မတသက်တမ်း ၅ နှစ်အတွင်း ပြင်သစ်နိုင်ငံအတွက် ပြောင်းလဲမှုအသစ်များ ဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်းနှင့် ပြင်သစ်နိုင်ငံအား ပိုမိုလွတ်လပ်အားကောင်းပြီး ဥရောပငြိမ်းချမ်းရေးလမ်းစဉ်သစ်များကို တွန်းအားပေး...
ဟောင်ကောင်၊ မေ ၈ ရက် (ဆင်ဟွာ) မေ ၈ ရက်တွင် ကျင်းပသော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ၌ ဂျွန်လီ သည် ဟောင်ကောင်၏အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
ဖနွမ်းပင် ၊ မေ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုသည့် ရပ်ဝန်း နှင့် ပိုးလမ်းမအဆိုပြုချက်(BRI)အောက်ရှိ စီမံကိန်းများသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးအား များစွာအားပေးမြှင့်တင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းကို တိုးတက်ကောင်းမွန်လာခဲ့ကြောင်း ကမ္ဘောဒီးယား တာဝန်ရှိသူများ နှင့် ပညာရှင်များက ပြောကြားခဲ့သည်။
ဟောင်ကောင်၊ မေ ၈ ရက် (ဆင်ဟွာ) ” ရွေးကောက်ပွဲမှာ မစ္စတာဂျွန်လီ ရွေးချယ်ခံရ” ဟု ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပရေး တာဝန်ရှိသူက မေ ၈ ရက် ၁၂ နာရီ ၂၀ မိနစ်တွင် လေးနက်စွာ ကြေညာခဲ့သည်။
ဟောင်ကောင် ၊ မေ ၈ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ( HKSAR) ၏ ဆဌမသက်တမ်းအုပ်ချုပ်ရေးမှူး ရာထူးအတွက် ရွေးကောက်ပွဲပြန်လည်ဝင်ရောက် အရွေးခံသူ ဂျွန်လီ(John Lee) က အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ် ခန့်အပ်ခံရကြောင်း ယနေ့ မေ ၈ ရက် ညနေပိုင်းတွင်...
ဟာဗားနား ၊ မေ ၈ ရက်(ဆင်ဟွာ) ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ဇိမ်ခံဟိုတယ်တစ်လုံး၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးသူ အရေအတွက်မှာ ၂၂ ဦးထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၆၄ ဦး ရှိကြောင်း မေ ၆ ရက်ညနေပိုင်းတွင် နောက်ဆုံးအခြေအနေအား ကျူးဘားသမ္မတရုံးက ပြောကြားခဲ့သည်။