ပေကျင်း၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ဩဂုတ် ၈ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ၊ သံသယလူနာနှင့်လက္ခဏာမပြရောဂါကူးစက်သူ မရှိကြောင်း ပေကျင်းမြို့ ကျန်းမာရေးကော်မရှင်၏ ဩဂုတ် ၉ ရက် ထုတ်ပြန်ချက်များအရ သိရသည်။
ဘေရွတ်၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ဩဂုတ် ၈ ရက်က ဆန္ဒပြလှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူနှင့် ရဲတပ်ဖွဲ့အကြား ပြင်းထန်သည့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ၊အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၂၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) အမျိုးမျိုးသော ဥပဒေကြမ်းများကို ပြန်လည်သုံးသပ်ရန် နှင့် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဖြည့်စွက်မှုပြုလုပ်ရန် တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုအဖွဲ့ ၊ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကော်မတီ၏ ၂၁ ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ် ၈ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း...
ရန်ကုန် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုသူ ၉၁၀,၂၂၉ ရှိသည့်အနက် ၂၉၁,၇၉၈ ဦး အောင်မြင်ကာ ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ရီယိုဒီဂျနေရို ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါဖြင့် သေဆုံးသူ တစ်သိန်းကျော် နှင့် ကူးစက်ခံရသူ သုံးသန်းကျော်ထိ ရှိလာကြောင်း အစိုးရ၏ ဩဂုတ် ၈ ရက်က ထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန် ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ Website များမှ ယနေ့ ဩဂုတ် ၉ ရက် ၊ နံနက် ၀၀ : ၃၀ နာရီမှ...
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) COVID-19 ရောဂါကြောင့် ရပ်နားထားရသည့် ၂၀၂၀ ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲအပါအဝင် ပြည်တွင်းဘောလုံး ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း COVID-19 ရောဂါ စစ်ဆေးမှုများကို သြဂုတ် ၁၀ ရက်...
နယူးယောက်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားလာသည့်အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများကြီးမားလာခြင်းကြောင့် သြဂုတ် ၇ ရက်တွင် ရေနံဈေးနှုန်းများ လျော့ကျခဲ့ခြင်းက ရေနံစိမ်းဝယ်လိုအားအပေါ် ထိခိုက်လာဖွယ်ရှိကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကောင်ကျိုးဆောင်ပါတီ (UBP ) ဥက္ကဌ သူရဦးရွှေမန်းက ၎င်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်းခြင်းမရှိဘဲ ပါတီအောင်နိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းမီဒီယာများအား ယနေ့ ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၉၆,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က သြဂုတ် ၈ ရက်တွင် သတင်းထုတ်ပြန်သည်။