နေပြည်တော်၊ မေ ၂၅ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ ပင်လယ်နှင့် နီးပြီး အနိမ့်ပိုင်းရှိ ရပ်ကွက် ကျေးရွာများတွင် ဒေသခံပြည်သူများ မုန်တိုင်း ရန်မှ ရှောင်တိမ်း ခိုလှုံနိုင်ရန် Cyclone Shelter ၅၇ လုံးကို တည်ဆောက်ပေးထား ကြောင်းနှင့် လိုအပ်သော နေရာများတွင် လာမည့် ဘဏ္ဍာနှစ်၌ ဆက်လက်...
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ရောဂါသည် ပြည်တွင်းနေပြည်သူအချင်းချင်းကြား ကူးစက်မှုသစ် လူနာ မတွေ့ရှိတော့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။
ဒတ်ရန်ဘီ၊ မေ ၂၅ ရက်(ဆင်ဟွာ) ကပ်ရောဂါတိုက်ဖျက်ရေးလက်တွဲပူးပေါင်းဆောင်ရွက်ရန်တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည် မေ ၂၄ ရက် နံနက်ပိုင်းက သီးသန့်လေယာဉ်ဖြင့် တာဂျစ်ကစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့ရာ ၉ ရက်ကြာရောဂါတိုက်ဖျက်ရေးအတွေ့အကြုံဖလှယ်မှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့်အာဆီယံ၏ဆက်ဆံရေးသမိုင်းကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် အာရှဘဏ္ဍာရေး အကျပ်အတည်းတွင်ဖြစ်စေ၊နိုင်ငံတကာ ဘဏ္ဍာရေးအကျပ်အတည်းတွင် ဖြစ်စေ တရုတ်-အာဆီယံဆက်ဆံရေးသည် ပို၍နီးကပ်လာသလို ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပို၍အားကောင်းလာခဲ့ကြောင်း၊ ၎င်းမှာ တရုတ်-အာဆီယံ၏ သူမတူသည့် ချစ်ကြည်ရင်းနှီးမှုနှင့်နက်ရှိုင်းသည့် အပြန်အလှန် ယုံကြည်မှုကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေ ၂၄...
နယူးယောက် ၊ မေ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ မေ ၂၄ ရက်က ထုတ်ဝေခဲ့သော နယူးယောက်တိုင်းမ်စ်(New York Times) သတင်းစာ၏ မျက်နှာဖုံးပေါ်တွင် နိုင်ငံအတွင်း COVID-19 ဖြင့်သေဆုံးခဲ့ရသူ တစ်ထောင်၏ နာမည်များကို ပုံနှိပ်ဖော်ပြခဲ့ပြီး ယင်းလူတစ်ထောင်သည် အမှန်တကယ်သေဆုံးသွားသော လူဦးရေ၏ တစ်ရာခိုင်နှုန်းခန့်သာ ဖော်ပြနိုင်ခဲ့ခြင်းဖြစ်ရာ...
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ တိုက်ဖျက်မှုတွင် တရုတ်နိုင်ငံအနေဖြင့် မည်သည့်အခါမျှ ပထဝီနိုင်ငံရေးရည်မှန်းချက်များ နှင့် စီးပွားရေး အကျိုးအမြတ်များသို့မဟုတ် နိုင်ငံရေးအရ ချည်နှောင်မှုများကို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ သိပ္ပံအဖွဲ့အစည်းနှင့်ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ်စ်၏ဇစ်မြစ်ကို ရှာဖွေသွားမည်ဖြစ်ပြီး ထိုသို့ရှာဖွေရာတွင် ပညာရှင်ဆန်စွာ၊ သမာသမတ်ကျစွာနှင့် အပြုသဘောဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက မေလ ၂၄ ရက်တွင် ကျင်းပခဲ့သည့်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယနေ့ကျင်းပသည့် တရုတ်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးက COVID-19 တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက အာဖရိကတိုက်နှင့်အတူ တစ်ဖက်နှင့်တစ်ဖက် အတူရပ်တည်သွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါသည် တရုတ်နိုင်ငံတင်မကဘဲ အမေရိကန်နိုင်ငံ အတွက်ပါ ဘုံရန်သူဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ပြည်သူများသည် အချင်းချင်းကူညီရိုင်းပင်းခြင်းအားဖြင့် ကောင်းမွန်သည့်အကျိုးစီးပွါးများကိုဖြစ်ထွန်းနိုင်စေကြောင်းတရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ယနေ့ကျင်းပသည့် နိုင်ငံခြားရေးမူဝါဒနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာကျန်းမာရေးအဖွဲ့ WHO အား ရွံ့ဖြင့်ပစ်ပေါက်ပါက တစ်နည်းအားဖြင့် အပြစ်တင်ပြောဆိုပါက ၎င်းပြုလုပ်သူထံသို့ ရွံ့ပြန်စင်နိုင်သလို အပြစ်တင်ခံရနိုင်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေလ ၂၄ ရက်တွင်ပေကျင်း၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)