ကိဗ် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့များသည် ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်သည့် ယူကရိန်းနိုင်ငံ၏ အထင်ကရ An-225 Mriya လေယာဉ်ကြီးအား ဖျက်ဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ယူကရိန်းနိုင်ငံ၏ နိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းစု Ukroboronprom က လူမှုကွန်ရက်စာမျက်နှာ Telegram တွင် ရေးသားဖော်ပြခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် ဒရုန်းယာဉ်များ သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သတ်နေပြီး ယူကရိန်းတပ်များကို အထောက်အပံ့ပေးနေကြာင်း ရုရှားစစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင် အချို့က ကိဗ်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိဗ်မြို့ပေါ်နှင့် ဆင်ခြေဖုံးဒေသများသည် ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် အရှေ့ဘက်ပင်လယ်ရေပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ်ဒုံးကျည်တစ်စင်းအား ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မအင်အားက ယနေ့တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းက...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုသည် ဥရောပနိုင်ငံများ နှင့် ကနေဒါတို့နှင့်အတူ ပူးပေါင်း၍ နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုအများဆုံးအသုံးပြုသည့် SWIFT ငွေပေးချေမှုစနစ်မှ ရုရှားဘဏ်အချို့ကို ထုတ်ပယ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky နှင့် ဖုန်းပြောဆိုမှုတစ်ခုအတွင်း ယူကရိန်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီ များ ပိုမိုပေးအပ်သွားရန် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။
ကျိုချွမ် ၊ ဖေဖော်ဝါရီ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် L-SAR 01B ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အောင်မြင်စွာလွှတ်တင်ခဲ့ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ လက်ရှိလုပ်ဆောင်နေသည့်စစ်ဆင်ရေးများအား ယူကရိန်းနိုင်ငံအနေဖြင့် မိမိကိုယ်တိုင် ခုခံကာကွယ်ရာတွင် ကူညီရန် အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိ “ပြင်းထန်သည့် ခုခံကာကွယ်ရေး” စစ်လက်နက်များ ထောက်ပံ့သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဖေဖော်ဝါရီ...