ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မကြာသေးမီကမှ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ဆာနာအဲ တာကာအိချိသည် လတ်တလောကာလအတွင်း အိမ်နီးချင်းနိုင်ငံ၏ အချုပ်အခြာအာဏာ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် သက်ဆိုင်သော၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုနှင့် သက်ဆိုင်သော အရေးကိစ္စတွင် မဟုတ်မမှန်စကားများ မကြာခဏပြောဆိုခဲ့သည်။
ဘူဒါပက်စ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဟန်ဂေရီနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ပြည်ဝင်ခွင့်ပြုထားခြင်းကို ကြာမြင့်စွာ ဆက်လက်သက်တမ်းတိုးရန်ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဟန်ဂေရီနိုင်ငံက ဆက်စပ်သက်ဆိုင်သော တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များအတွက် ဗီဇာအစီအမံများကို သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဟု ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ပီတာရှီဂျာတိုက နိုဝင် ဘာ ၁၆...
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရထားလမ်းစနစ်တွင် ၂၀၂၅ ခုနှစ် ပထမ ၁၀ လတာကာလအတွင်း ခရီးသည်ခရီးစဥ်အကြိမ်ရေ စံချိန်တင်ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်က နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
မက်ဒရစ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဒင်းဟွေဆန်မှာ ကြွက်သားနာကျင်ကိုက်ခဲမှုကြောင့် စပိန်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့သည့်အတွက် နိုဝင်ဘာ ၁၈ ရက်တွင် တူကီယဲအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က နိုဝင်ဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။
– တရုတ်နိုင်ငံ၏ ပထမဆုံး Type 076 ကုန်းရေနှစ်သွယ်သွား စစ်ရေယာဉ် “စီချွမ်း” ပင်လယ်ရေကြောင်းခရီး ပထမဆုံး စမ်းသပ်ခုတ်မောင်းမှု ပြီးစီး – အင်ဒိုနီးရှားနိုင်ငံတွင် လယ်ထွန်စက်မောင်းပြိုင်ပွဲ၌ တောင်သူလယ်သမားများ ပါဝင်ဆင်နွှဲ – ကျောက်ဂွမ်းညစ်ညမ်းမှုဖြစ်နိုင်ခြေရှိခြင်းကြောင့် ဩစတြေးလျနိုင်ငံရှိ စာသင်ကျောင်း ၇၀ ကျော်ပိတ်ထားရ – အီကွေဒေါနိုင်ငံ အလယ်ပိုင်းတွင်...
မကာအို၊ တရုတ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၁၆ ရက်က စိတ်လှုပ်ရှားဖွယ်ကောင်းသော ဗိုလ်လုပွဲတွင် ဟေးလုံကျန်းပြည်နယ်မှ ဝမ်မန့်ယွိက ဟဲပေပြည်နယ်မှ စွန်းရင်ဆားကို ရမှတ် ၄-၂ ဖြင့် အနိုင်ယူကာ တရုတ်နိုင်ငံ အမျိုးသားအားကစားပြိုင်ပွဲတွင် ၎င်း၏ အမျိုးသမီးတစ်ဦးချင်းချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ပါလက်စတိုင်းနိုင်ငံတည်ထောင်မှုကို အစ္စရေးက ဆန့်ကျင်ကြောင်း၊ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ လက်နက်အင်အားကို ဖယ်ရှားရမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက နိုဝင်ဘာ ၁၆ ရက်တွင် ထပ်မံပြောကြားခဲ့သည်။
အားခဲ့စိုက် (ကန်းစု)၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျိုချွမ်မြို့ အားခဲ့စိုက် ကာဇက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်အတွင်းရှိ “ညီအစ်မရေကန်” ဖြစ်သော တာ့ဆူးကန်းရေကန်၊ ရှောင်ဆူးကန်းရေကန်တို့သည် ဆက်တိုက် ရေခဲလာကြသည်။
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဖလာမင်ဂိုအသင်းသည် နိုဝင်ဘာ ၁၅ ရက်က ဘရာဇီး စီးရီးအေပွဲစဥ်တွင် Sport Recife အသင်းကို တစ်ဂိုးပေးရပြီးနောက် ပြန်လည်ချေပကာ ကစားသမားကိုးဦးဖြင့်ကစားရသည့် Sport Recife အား ဒုတိယပိုင်း မိနစ် ၂၀ အတွင်း လေးဂိုးဆက်တိုက်သွင်းယူကာ ၅-၁...
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ လီဂျေမြောင်အစိုးရအနေဖြင့် အရှေ့မြောက်အာရှနိုင်ငံသုံးနိုင်ငံ၏ တရားဝင် အစဉ်လိုက်ဖော်ပြမှုအား “တောင်ကိုရီးယား-တရုတ်-ဂျပန်” ဟူသည့် အသုံးပြုမှုများသော ဖော်ပြချက်ဖြင့် တစ်ပြေးညီအသုံးပြုရန် ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီးယား သမ္မတရုံး သက်ဆိုင်ရာပုဂ္ဂိုလ်က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း Yonhap သတင်းဌာန၏ ထိုနေ့...