ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် နိုဝင်ဘာ ၁၅ ရက်တွင် Abyei မြို့အတွက် ကုလသမဂ္ဂ ယာယီလုံခြုံရေးတပ်ဖွဲ့ (UNISFA) ၏ လုပ်ပိုင်ခွင့်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးခေါင်းဆောင်များနှင့်အတူ ကမ္ဘာ့စီးပွားရေးဖိုရမ် အထူးအွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး မှတ်ချက်စကားပြောကြားခြင်းနှင့် ဖိုရမ်တက်ရောက်လာသော ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များနှင့် ဆွေးနွေးပွဲနှင့် ဖလှယ်ခြင်းများ နိုဝင်ဘာ ၁၆ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကျောက်လိကျန်း၏ ပြောကြားချက်အရ သိရသည်။...
လန်ဒန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လီဗားပူးဆေးရုံတစ်ရုံ ပြင်ပတွင် နိုဝင်ဘာ ၁၅ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အကြမ်းဖက်လုပ်ရပ်အဖြစ် ကြေညာလိုက်ပြီးနောက် အကြမ်းဖက်ခြိမ်းခြောက်မှုအဆင့်အား “သိသာသော” အဆင့်မှ “ပြင်းထန်သော” အဆင့်သို့ မြှင့်တင်ထားကြောင်း သိရသည်။
ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) “ဆောက်လုပ်ရေးတစ်ပိုင်းလုပ်ပြီးရင် စိမ်းလန်းစိုပြည်အောင်တစ်ပိုင်းလုပ်ရတယ် ၊ ဒါက ထိရောက်မြင့်မားတဲ့ ဆောက်လုပ်ရေးတောင်းဆိုချက်တင်မဟုတ်ဘူး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်တဲ့ဆောက်လုပ်ရေးဖြစ်ဖို့ စဉ်းစားတာလည်းပါတယ်၊ နည်းနည်းမှ လျော့တိလျော့ရဲလုပ်လို့မရပါဘူး”ဟု China Railway ErJu 6th Engineering Co.,Ltd၏ တရုတ်-လာအိုရထားလမ်းစီမံကိန်း အင်ဂျင်နီယာချုပ် ဟွမ်သိုက်ဝန်က ပြီးခဲ့သည့်ရက် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင်...
စင်ကာပူ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံသည် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးသော ပြည်ပနိုင်ငံများမှ ခရီးသွားများဝင်ရောက်ခွင့်(VTL) အစီအစဉ်ကို အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ ကာတာ ၊ ဆော်ဒီအာရေးဗျ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) နိုင်ငံများကို ထပ်တိုးခွင့်ပြုပေးလိုက်ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်တွင်...
ဟန်ကျိုး ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်ရေတပ်သင်္ဘောအုပ်စုသည် အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်တို့၌ အစောင့်အရှောက်တာဝန်များ ပြီးဆုံးပြီနောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျိုးရှန်မြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတစ်ခုသို့ နိုဝင်ဘာ ၁၅ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ချွန်းဘူရီ ၊ ထိုင်း ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတွင် COVID-19 ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် လပေါင်းများစွာကြာ ပိတ်ထားခဲ့ရသော စာသင်ကျောင်းများကို ကပ်ရောဂါနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့်အတူ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့တွင် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
နယူးဒေလီ ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) လတ်တလော လေထုညစ်ညမ်းမှု “ဆိုးရွားသည့်”အဆင့်ကြောင့် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့ရှိ စာသင်ကျောင်းများအားလုံးကို ရက်သတ္တပတ် တစ်ပတ်ကြာ ပိတ်ထားမည် ဖြစ်ကြောင်း ဒေလီမြို့ ဝန်ကြီးချုပ် Arvind Kejriwal က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ နိုဝင်ဘာ...
ကူမင်း၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟို၊ ပြည်နယ်၊ ပြည်နယ်ခွဲ၏ ထောက်ခံအားပေးမှုဖြင့် ရွှေလီမြို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ နေ့စဉ်နှင့်အမျှ ပို၍ ပြည့်စုံလာရာ လူနာ လက်ခံကူသမှုနှင့် nucleic acid ဆေးစစ်နိုင်စွမ်း တည်ငြိမ်စွာ မြှင့်တင်နိုင်ခဲ့ကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့အစိုးရက နိုဝင်ဘာ ၁၄ ရက်တွင်...