ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဝန်ကြီး မိုက်ပွမ်ပီယိုနှင့် ၎င်း၏အကြိုက်လိုက်သူများက တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် တရုတ်ပြည်သူများအကြားရှိ သွေးချင်းသားချင်းဆက်ဆံရေးကို ဖြတ်တောက်ရန် ကြိုးပမ်းသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၁ ရက်တွင်...
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၂၅ ဦးထိရှိလာကြောင်း နှင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ အန္တရာယ်ရှိလာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ခတ္တရပ်နားထားကြောင်း ဖားကန့်မြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး ဒုဦးစီးမှူးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) လုံးခင်း၊ ဖားကန့် ၊ ခန္တီး ၊ မော်လူး နှင့် မော်ဟန်ရတနာနယ်မြေများတွင် မိုးရာသီကာလ သုံးလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် ကျောက်မျက်ရတနာကုမ္ပဏီများသို့ ဇူလိုင်လ ၁ ရက်က ညွှန်ကြားစာ ပေးပို့အကြောင်းထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန...
ဟောင်ကောင် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) ဟောင်ကောင်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မြို့စောင့်တပ်ဖွဲ့က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြည့်အဝ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။
ဝယ်လ်လင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေးဗစ်ကလက် (David Clark) က ၎င်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ယနေ့ (ဇူလိုင် ၂ ရက်) တွင် ကြေညာလိုက်သည်။
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ရပ်ကွက်(၆)၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ(ဒေသအခေါ် တစ်သုံးလုံးကုမ္ပဏီ)၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းကမ်းပါးမြေပြိုမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာသူရုပ်အလောင်း ၉၆ လောင်း တွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဟောင်ကောင်အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန်နှင့် မှားယွင်းသောနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းမှရှောင်ရှားရန် အမေရိကန်နိုင်ငံ တာဝန်ရှိသူအချို့အား တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ယနေ့ (ဇူလိုင် ၂ ရက်) နံနက် ၈နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများ၌ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ...
ဝါရှင်တန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ပြည်နယ်များစွာတွင် ကပ်ရောဂါကူးစပ်ပျံ့နှံ့နေခြင်းနှင့်အတူ သေဆုံးမှုလည်း ဆက်လက်မြင့်တက်လျက်ရှိရာ နိုင်ငံအတွင်း COVID-19 ဖြင့်သေဆုံးသူ တရားဝင်အရေအတွက်ကို မခန့်မှန်းနိုင်အောင် ဖြစ်နေကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည့် လေ့လာမှုသစ်တစ်ခုအရ သိရသည်။
ဂျီနီဗာ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် အစွန်းရောက်လုပ်ငန်းများ တိုက်ဖျက်ရေး ဆောင်ရွက်ချက်အပေါ် ထောက်ခံကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၄ ကြိမ်မြောက် အစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံပေါင်း ၄၆ နိုင်ငံကိုယ်စား ဘီလာရုစ်နိုင်ငံက ဇူလိုင် ၁ ရက်တွင် ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။