ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံများက အောကပ်စ် (AUKUS) လုံခြုံရေးမိတ်ဖက်ဆက်ဆံရေးအသစ် ထူထောင်လိုက်ခြင်းဖြင့် ပြင်သစ်နိုင်ငံအပေါ် ပြုမူလိုက်သောနည်းလမ်းသည် “လက်သင့်ခံနိုင်ဖွယ်မရှိကြောင်း” ပြောကြားခဲ့သည်။
မနီလာ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးက ဆင်းရဲသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးရှားပါးမှုနှင့် ကြုံတွေ့နေရချိန်တွင် ချမ်းသာသောနိုင်ငံများက COVID-19 ကာကွယ်ဆေး သိုလှောင်ထားရန် “တစ်ကိုယ်ကောင်းဆန်သော” အစီအစဉ်ကို စက်တင်ဘာ ၂၂ ရက်က ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
တိုကျို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု ပိုမိုပျံ့နှံ့ခြင်းကိုကောင်းစွာကိုင်တွယ်နိုင်ရန် လာမည့်နှစ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် တတိယအကြိမ် အားဖြည့် ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံရေးဝန်ကြီး Taro Kono က စက်တင်ဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် (၇၆)ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂညီလာခံသို့ စက်တင်ဘာ ၂၁ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး “ခိုင်မာသည့် ယုံကြည်ချက်ဖြင့် လက်ရှိအခက်အခဲအကျပ်အတည်းများကို ယှဉ်တွဲကျော်ဖြတ်ကာ ပို၍သာယာလှပသည့်ကမ္ဘာကြီးအား အတူတည်ဆောက်ကြမည်”ဟူသည့် ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
ခါတွမ်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီသည် မအောင်မြင်သော အာဏာသိမ်းမှု ခေါင်းဆောင် ဗိုလ်ချုပ် Abdul-Baqi Hassan Osman အား ဖမ်းဆီးလိုက်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင်ကြေညာခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးများ နှင့် နိုင်ငံတကာအကူအညီများ ပိုမိုထောက်ပံ့သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်အား ဆိုက်ဘာတိုက်ခိုက်မှု ၅၀ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံ ပိုင်နက်နယ်မြေအတွင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ ရုရှားသံရုံးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများအား ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်း သို့မဟုတ် ဗိုလ်ကျစိုးမိုးခြင်းကို မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသလို မည်သည့်အခါမျှလည်း လုပ်ဆောင်သွားလိမ့်မည်မဟုတ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဒီမိုကရေစီစနစ်သည် နိုင်ငံတစ်နိုင်ငံတည်းအတွက် အထူးသီးသန့်မူပိုင်ခွင့်မဟုတ်ကြောင်း ၊ သို့သော် နိုင်ငံအားလုံး၏ ပြည်သူများအတွက် ပျော်ရွှင်ချမ်းမြေ့ပိုင်ခွင့် တစ်ခုသာဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ကူမင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် ယခုနှစ် ပထမရှစ်လတွင် ကုန်သွယ်ရေး တိုးတက်မှု အားကောင်းခဲ့ကြောင်း သိရသည်။ ယူနန်ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းသည် ဇန်နဝါရီလမှ ဩဂုတ်လအထိ ယွမ် ၁၉၉.၀၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀.၈ ဘီလီယံခန့်) ရှိခဲ့ရာ...