ကွမ်ကျိုး ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အလျား၂၄ ကီလိုမီတာရှိသော ပင်လယ်ရေအောက်ဥမင်လှိုဏ်ခေါင်းပါ အဝေးပြေးလမ်း စီမံကိန်းသစ် တစ်ခုကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ၌ ဒေသတွင်း သယ်ယူပို့ဆောင်ရေး တွန်းအားပေးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
နယူးဒေလီ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ရှိ တိရစ္ဆာန်ရုံတစ်ရုံ၌ ခြင်္သေ့ လေးကောင်ထက်မနည်း COVID-19 မျိုးဗီဇကွဲ Delta ပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း တာဝန်ရှိသူများက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် COVID-19 ဖြစ်ပွားမှု မြင့်တက်နေစဥ်အတွင်း ယခုနှစ်ကုန်ပိုင်းတွင် ကျရောက်မည့် ခရစ္စမတ်အားလပ်ရက်ကို လျှော့ချသတ်မှတ်ခဲ့ပြီးနှင့် အခြားအားလပ်ရက် ၂ ရက်အား ရွှေ့ပြောင်းသတ်မှတ်ခဲ့ကြောင်း အဆင့်မြင့်ဝန်ကြီးတစ်ဦးက ဇွန် ၁၈ ရက်တွင်ပြောကြားခဲ့သည်။ လူသားဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Muhadjir...
နယူးဒေလီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အာသံပြည်နယ် အရှေ့မြောက်ဘက်ရှိ နှင့် Kaziranga အမျိုးသားဥယျာဉ်နှင့် ကျားဘေးမဲ့တော၌ ကျည်ဆံဒဏ်ရာများဖြင့် သေဆုံးနေသောကျားတစ်ကောင်အား ဇွန် ၁၈ ရက်တွင် တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားသည်။ အဆိုပါကျားသည် ဘေးမဲ့တောအတွင်း၌ သစ်တောအစောင့်များ၏ မတော်တဆ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သစ်တောအရာရှိများကပြောကြားသည်။ “ကျားအသေကို...
မော်စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက် (Open Skies Treaty)မှ ဒီဇင်ဘာ ၁၈ ရက်တွင် ရုရှား နုတ်ထွက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၈ ရက်တွင် ကြေညာခဲ့သည်။ ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက်(Open Skies Treaty)မှ နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို...
ရမော်လာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အစ္စရေးမှ လွှဲပြောင်းပေးသည့် ကာကွယ်ဆေးသည် နည်းပညာစံချိန်စံညွှန်းနှင့်မကိုက်ညီခြင်းကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး လဲလှယ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းလိုက်သည်ဟု ပါလက်စတိုင်းအစိုးရက ဇွန် ၁၈ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန ဆေးကုသရေးနှင့်နည်းပညာအဖွဲ့က ယင်းနေ့ညပိုင်း၌ အစ္စရေးလွှဲပြောင်းပေးသည့် Pfizer ကာကွယ်ဆေး ပထမအသုတ်ကို...
ကုလသမဂ္ဂ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံက အန်တိုနီရိုဂူတာရက်စ်အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဇွန် ၁၈ ရက်တွင် တရားဝင်ထပ်မံခန့်အပ်ခဲ့ကြောင်း သိရသည်။ ဂူတာရက်စ်သည် ၎င်း၏ဒုတိယသက်တမ်းတာဝန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ (၅)နှစ်ကြာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်နှင့် သူ၏ဒုတိယသက်တမ်းကာလတွင် “အပြန်အလှန်ယှက်နွယ်မှုရှိသည့် ဆောင်ရွက်ချက်”...
ကိုပင်ဟေဂင်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ၌ အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ်များအတွက် ဆန္ဒအလျောက် COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးကို ယခုနှစ်စက်တင်ဘာလခန့်မှစ၍ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ဒိန်းမတ်ကျန်းမာရေးအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Soren Brostrom က ဇွန် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။...
ဘန်ကောက်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 ရောဂါပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ COVID-19 ကာကွယ်ဆေး အလုံးရေ ၇,၀၀၃,၇၈၃ အား ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း၌ လူထုကာကွယ်ဆေးထိုးနှံမှု စတင်ပြီးနောက် လွန်ခဲ့သော ၁၀ ရက်အထိ...
ကျိုချွန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အာကာသယာဉ်မှူး နွဲ့ဟိုင်စိန့်၊ လျိုပေါမင်နှင့် ထန်းဟုန်ပေါတို့သည် ဇွန် ၁၇ ရက်က “Shenzhou-12” အာကာသယာဥ်တွင် လိုက်ပါ၍ တရုတ်အာကာသစခန်း ပင်မခန်း“Tianhe”သို့ ပထမအသုတ် ဝင်ရောက်ခြေချနိုင်သူများဖြစ်ပြီး တရုတ်နိုင်ငံ လူလိုက်ပါအာကာသစခန်း၏ ပထမဆုံး ပျံသန်းမှုတာဝန်ကို စတင်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။ “Shenzhou-12”လူလိုက်ပါအာကာသယာဉ်ကို...