ဝန်ချန်း၊ ဟိုင်နန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်းအာကာသလွှတ်တင်ရေးစခန်းမှ အာကာသထဲသို့ ဒီဇင်ဘာ ၂၀ ရက်က လွှတ်တင်ခဲ့သည်။
-ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထောက်လှမ်းရေးနှင့် ဥပဒေစိုးမိုးရေးဌာနများကို ပြန်လည်ဆန်းစစ်အကဲဖြတ်သွားမည်ဟု ဩစတြေးလျဝန်ကြီးချုပ် ကြေညာ -ဗင်နီဇွဲလားကမ်းလွန်၌ ဒုတိယမြောက် ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်တပ်ဖွဲ့ဝင်များ ဖမ်းဆီး -နျူကလီးယားလက်နက်နှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံ၏ ဆွေးနွေးမှုများကို ရုရှားနိုင်ငံက ဆန့်ကျင်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြော -ဂျပန်နိုင်ငံ အာအိုမိုရိစီရင်စု ကမ်းလွန်၌ ပြင်းအား ၅.၅ မဂ္ဂနီကျုရှိ...
ကွမ်ယွမ် ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ကွမ်ယွမ်မြို့၌ တည်ရှိသော ရှောက်ဟွရှေးဟောင်းမြို့သည် ပိုင်လုန်မြစ်၊ ကျားလျင်မြစ်နှင့် ချင်းကျန်းမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ရှိသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် ငွေကျပ်သိန်း ၂,၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ ဒီဇင်ဘာ ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရထားလုပ်ငန်း၏ ကုန်တင်ပို့ဆောင်မှုပမာဏမှာ ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း တည်ငြိမ်စွာတိုးတက်မှုကို ထိန်းထားလျက်ရှိကာ စီးပွားရေးလုပ်ငန်း ထောက်ပံ့သယ်ပို့ဆောင်ရေးစရိတ်ကိုလည်း လျော့နည်းစေခဲ့ပြီး နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စွာလည်ပတ်နိုင်အောင် ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။
မော်စကို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂအနေဖြင့် မည်သို့ အကြံကုန်ဉာဏ်ကုန် တွက်ချက်ကြံစည်စေကာမူ ရုရှားပိုင်ဆိုင်မှုများကို ပိတ်ဆို့ခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် အသုံးပြုခြင်းအားလုံးသည် မည်သည့်ဥပဒေအထောက်အထားမျှ မရှိကြောင်း၊ ရုရှားပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့် မည်သည့် တရားမဝင်လုပ်ရပ်မဆို ဒဏ်ခတ်ခံရမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က...
မင့်စ်ခ်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဘီလာရုစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အကျိုးဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဘီလာရုစ်သမ္မတ Alexander Lukashenko က ဒီဇင်ဘာ ၁၈ ရက်တွင် မြို့တော် မင့်စ်ခ်၌ ပြောကြားခဲ့သည်။
မော်စကို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဥရောပရှိ ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူခြင်းသည် ယူရိုဇုန် ယုံကြည်မှုကို ထိခိုက်စေမည်ဟု ရုရှားသမ္မတ ဗလာတီဗာပူတင်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပသော “နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်း” အခမ်းအနား၌ ပြောကြားခဲ့သည်။
မကာအို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသသို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လာရောက်လည်ပတ်သူ ၃,၃၄၅,၆၈၃ ဦး ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၈.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ၏ စာရင်းအင်းနှင့် သန်းခေါင်စာရင်းဝန်ဆောင်မှု (DSEC) မှ ဒီဇင်ဘာ...
ဒါးအက်စ်ဆလမ်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ ဝန်ကြီးချုပ် မဝီဂူလူ အန်ချမ်ဘာက လင်ဒီဒေသရှိ ကီလ်ဝါငါးဖမ်းဆိပ်ကမ်း၏ လုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၁၉ ရက်၌ ချီးကျူးဂုဏ်ပြုခဲ့ပြီး အဆိုပါဆိပ်ကမ်းတည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။