အဘစ်ဂျန် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရထားလမ်းတည်ဆောက်ရေးကုမ္ပဏီ (China Railway Construction Corporation Limited,CRCC) က တာဝန်ယူတည်ဆောက်ပေးသည့် ဂီနီနိုင်ငံ Dapilon ဆိပ်ကမ်း မှ Santou သတ္တုတွင်းဇုန် သို့ ဆက်သွယ်ပေးမည့် Dapilon-Santou အထူးရထားလမ်းသည် တည်ဆောက်ပြီးစီးခဲ့သဖြင့်...
ကူမင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နာမည်ကျော် လှည့်လည်သွားလာနေသည့်ဆင်အုပ်စုသည် အနောက်မြောက်ပိုင်း ၂.၆ ကီလိုမီတာအထိ ဦးတည်သွားလာခဲ့ပြီး အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ယွီရှီးမြို့၊ စီကျဲမြို့နယ်တွင် ဆက်လက်၍ တဝဲဝဲလည်လည် သွားလာလျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅,၁၅၀ ဦးရှိပြီး တစ်နိုင်ငံလုံး၌ စုစုပေါင်းကူးစက်ခံရသူ ၆၇၃,၀၂၆ ဦးထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။
မက်ဒရစ် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ရီရဲမက်ဒရစ်ဘောလုံးအသင်းက အသင်းခေါင်းဆောင် ဆာဂျီယိုရားမို့စ်အား ၏ ပြောင်းရွှေ့မှုကိစ္စရပ်မှာ ပြီးဆုံးသွားပြီးဖြစ်ကြောင်း နှင့် ဇွန် ၁၆ ရက်တွင် ရားမိုစ့်အား အသင်းမှထွက်ခွာခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း အသင်းက ထုတ်ပြန်ခဲ့သည်။
ကျိုချွမ်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) လူလိုက်ပါအာကာသယာဉ် “Shenzhou-12” ကို Long March-2F သယ်ဆောင်ရေး ဒုံးပျံဖြင့် ဇွန် ၁၇ ရက် နံနက် ၉ နာရီ ၂၂ မိနစ်က ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အချိန်မှန် လွှတ်တင်ခဲ့ရာ (၅၇၃)စက္ကန့်အကြာခန့်တွင် ယာဉ်သည် ဒုံးပျံမှ ခွဲထွက်ပြီး...
ဂါဘရွန်နေ ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ဘော့စ်ဝါနာနိုင်ငံ သမ္မတ Mokgweetsi Masisi နှင့် အစိုးရအဖွဲ့ဝင်များအား Debswana စိန်ကုမ္ပဏီက အလေးချိန် ၁,၀၉၈ ဒသမ ၃၀ ကရက်ရှိသော စိန်တုံးကို ဇွန် ၁၆ ရက်တွင် ဘော့စ်ဝါနာနိုင်ငံ မြို့တော် ဂါဘရွန်နေမြို့၌ ပြသခဲ့ကြောင်း...
ကျိုချွမ်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လူလိုက်ပါအာကာသယာဉ် “Shenzhou-12”ကို ယနေ့ ကြာသပတေးနေ့နံနက်ပိုင်းတွင် အောင်မြင်စွာ လွှတ်တင်လိုက်ပြီဖြစ်သည်။ အဆိုပါယာဉ်တွင် လိုက်ပါသွားသည့် အာကာသယာဉ်မှူးသုံးဦးသည် အာကာသစခန်း ပင်မခန်း Tianheတွင် (၃)လကြာ နေထိုင်သွားကြမည်ဖြစ်သည်။
ကျိုချွမ်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) Shenzhou-12 လူလိုက်ပါသော အာကာသခရီးစဉ်၏ တရုတ်အာကာသယာဉ်မှူး ၃ ဦးအား လိုက်ပါပို့ဆောင်ခြင်း ဂုဏ်ပြုငအခမ်းအနားကို နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ Wentiange ရင်ပြင်တွင် ဇွန် ၁၇ ရက် နံနက်ပိုင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတွင် စီးပွားရေး ပြန်လည် နလံထူရန် လာမည့် ရက်ပေါင်း ၁၂၀ အတွင်း နိုင်ငံခြားခရီးသွားများအတွက် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးခြင်း နှင့် အောက်တိုဘာလတွင် နိုင်ငံ့လူဦးရေ သန်း ၅၀ ကျော်ကို COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်စီထိုးနှံပြီးစီးရန်...
ဂျီနီဗာ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ရုရှားသမ္မတ ပူတင်တို့သည် ဇွန် ၁၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးမှုအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် နှစ်နိုင်ငံအကြား လက်နက်ထိန်းချုပ်ရေးနှင့် ရုတ်ခြည်းပဋိပက္ခဖြစ်ပွားနိုင်မှုအန္တရာယ်ကို လျှော့ချရေး စသော ကဏ္ဍများတွင်...