ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပလျက်ရှိသောအကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက် တတိယမြောက် ရွှေတံဆိပ်ဆုကို လှေလှော်အားကစားနည်းမှ ရရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန်အတွက် ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် နေပြည်တော်မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ အထူး လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း...
နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့သည် ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ယနေ့(ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုအတွင်း သေဆုံးသူ ၄၃ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေလီမြို့မီးသတ်တပ်ဖွဲ့(DFS) ၏ သတင်းအရင်းအမြစ်များ အရ သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံသမ္မတအိမ်တော်အနီး၌ ဒီဇင်ဘာ ၇ ရက်တွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားလူ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။
ဟိုးဘတ်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) POWERCHINA ကုမ္ပဏီမှ ရင်းနှီးမြုပ်နှံဆောင်ရွက်ထားသည့် ဩစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ် Cattle Hill လေအားလျှပ်စစ်စီမံကိန်းတွင် ပထမအသုတ် လေရဟတ်တာဘိုင်များ ချိတ်ဆက်၍ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) မြန်မာ-ထိုင်း-လာအို (၃)နိုင်ငံရှိ လူမျိုးစုများ၏ လူနေမှုဘဝပုံစံနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ ရိုးရာနေအိမ် ပြပွဲအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုတွင် ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ နယ်စပ်ကုန်သွယ်ရေးစခန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက် မှာကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ၏ ဘော်လီဘော အုပ်စု ပွဲစဉ်တွင် မြန်မာဘော်လီဘောအသင်း အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက် ခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၈ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။