တာ့ရှ်ကန့်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev သည် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ဩဂုတ် ၁၅ ရက်က ဖုန်းခေါ်ဆိုခဲ့ကြောင်း သိရသည်။နှစ်နိုင်ငံသမ္မတများသည် အဆိုပါ ဖုန်းခေါ်ဆိုမှုတွင် နှစ်နိုင်ငံ နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးချဲ့ရန်နှင့် ဘက်စုံမဟာဗျူဟာမြောက်...
ရှီးချန်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက Long March-4B သယ်ဆောင်ရေးဒုံးပျံကို ဩဂုတ် ၁၆ ရက်၌ လွှတ်တင်ခဲ့ကာ အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စုအသစ်ကို အာကာသအတွင်းပို့လွှတ်ခဲ့ကြောင်း သိရသည်။ Yaogan-43 01 ဂြိုဟ်တုများကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် မွန်းလွဲ...
ကိုင်ရို၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဆူဒန်အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ ဆူဒန်ရှိ လိုအပ်နေသူများထံသို့ ပို့ဆောင်နိုင်ရန် ၎င်းနိုင်ငံနှင့် ချဒ်နိုင်ငံကြားရှိ Adré နယ်စပ်ဂိတ်ကို ၃ လကြာ ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဆူဒန်နိုင်ငံ အချုပ်အခြာအာဏာပိုင်ကောင်စီက ဩဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဆူဒန် အချုပ်အခြာအာဏာပိုင်ကောင်စီ...
ဆန်နား၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ဗြိတိန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ယီမင်နိုင်ငံရှိ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် ဟိုဒေးဒါအား ဩဂုတ် ၁၅ ရက် ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့၏ အယ်လ်-မာဆီရာ ရုပ်သံ၏ ထုတ်လွှင့်ချက်အရ သိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် ယီမင်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အယ်လ်-ဆာလစ်ဖ်...
ဘာလင်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဂျာမနီနိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တစ်ဟုန်ထိုးမြင့်တက်လျက်ရှိပြီး ယခုနှစ် ပထမနှစ်ဝက်၌ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ် တစ်နှစ်တာလုံး၏ ရင်းနှီးမြှုပ်နှံမှု ပမာဏထက်ပင် ကျော်လွန်သွားခဲ့သည်ဟု Financial Times သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ယင်းသည် တရုတ်ဈေးကွက်၏ အပေါင်းလက္ခဏာဆောင်သော...
ဘန်ကောက်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို လျှောက်လှမ်းရေးအတွက် ကတိပြုထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၁၅ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ရှိနေစဉ် ပြောကြားခဲ့သည်။ ပြင်ပအခင်းအကျင်း ရှုပ်ထွေးမှုရှိလေ နှစ်နိုင်ငံအနေဖြင့် မိမိတို့၏...
ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံနှင့်အတူ အေးအတူပူအမျှ တရုတ်-ဘရာဇီး အသိုက်အဝန်း တည်ဆောက်မှု ပူးတွဲမြှင့်တင်ရေး စတင်မှတ်အသစ်အဖြစ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဩဂုတ် ၁၅ ရက်၌...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၄၅၀ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၄,၇၈၃,၉၆၈ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၆.၈.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ဂိုမာ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) မျောက်ကျောက်ကပ်ရောဂါအား “ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” အဖြစ် ကြေညာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဩဂုတ် ၁၄ ရက်တွင် ကြေညာခဲ့သည်။ (Xinhua) ……………………….. (Chinese Version) 世卫组织宣布猴痘疫情构成“国际关注的突发公共卫生事件” 新华社照片,戈马,2024年8月16日 世界卫生组织总干事谭德塞14日宣布,猴痘疫情构成“国际关注的突发公共卫生事件”。 新华社发(扎南摄) 1....
ရန်ကုန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ ၁။ ပစိဖိတ်နိုင်ငံများ၏ ဂျီဒီပီတိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၃.၃ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၄ ရာခိုင်နှုန်း ရှိနိုင်မည်ဟု...