ကျင်ဟုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်မြို့တွင် ဧပြီ ၁၄ ရက်က သင်္ကြန်ပွဲတော်ကာလ တိုင်းရင်းသား အရပ်ဖက် ရိုးရာ ယဉ်ကျေးမှု အလှပြဖျော်ဖြေပွဲ ကျင်းပခဲ့သည်။ အဆိုပါပွဲသို့ တိုင်းရင်းသားလူမျိုးစုအသီးသီးမှ ကိုယ်စားလှယ်များ ခမ်းနားစွာ ဝတ်စားဆင်ယင်၍...
ဂျေရုဆလမ်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က အစ္စရေးပစ်မှတ်များသို့ ဒေသစံတော်ချိန် ဧပြီ ၁၄ ရက် နံနက်အစောပိုင်းတွင် ဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ် အများအပြား ပစ်လွှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ အစ္စရေးမီဒီယာနှင့် ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ ဗုံးပေါက်ကွဲသံများနှင့်အတူ မြို့အများအပြားတွင် လေကြောင်းရန်ကာကွယ်ရေးသတိပေးချက် ဥသြသံများ...
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ ယနေ့ (ဧပြီ ၁၄ ရက်) သင်္ကြန်အကျနေ့ နံနက် ၁၀နာရီကျော်တွင် လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ...
ရန်ကုန်၊ ဧပြီ ၁၄ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ တော်ခန်းမ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက် မြင်ကွင်းများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) ညနေပိုင်းတွင် ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန် မြင်ကွင်းများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)
ဘန်ကောက်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) နှစ်စဉ် ဧပြီ ၁၃ ရက်မှ ၁၅ ရက်သည် ထိုင်းနိုင်ငံ၏ ရိုးရာနှစ်သစ်ကူး ဆုန်ခရန်ပွဲတော် ခေါ် သင်္ကြန်ပွဲတော် ဖြစ်သည်။ အဆိုပါပွဲတော်ကာလအခါသမယတွင် လူအများက အပြန်အလှန် ရေပက်ကစားခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုလျက် ဆုမွန်ကောင်းတောင်းပေးလေ့ ရှိကြသည်။ (Xinhua)...
ဂါဇာ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း အဓိကအားဖြင့် Nuseirat ဒုက္ခသည်စခန်း၏ မြောက်ပိုင်းဧရိယာတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသ သတင်းရင်းမြစ်က ဧပြီ ၁၃ ရက်တွင် ဆင်ဟွာကို ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့်...
အနောက်ဆူမတြား၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ် ရိုးရာ Pacu Jawi နွားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နွားများ၏ လျင်မြန်မှုနှင့်ခွန်အားအလှကို တွေ့မြင်နိုင်ပါသည်။ အဆိုပါပြိုင်ပွဲကို ရိတ်သိမ်းရာသီ ပြီးဆုံးသည့်အထိမ်းအမှတ်အဖြစ် ရွှံ့နွံများရှိသည့် လယ်ကွင်းများတွင် နှစ်စဉ်ကျင်းပလေ့ရှိရာ ဒေသခံလူထုနှင့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိသည်။ (Xinhua) အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။...
တက်ဟုန်း၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၏ ၂၀၂၄ ခုနှစ် သင်္ကြန်ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန်စီမြို့၌ ဧပြီ ၁၂ ရက်က ကျင်းပခဲ့ရာ ဒေသခံလူထုနှင့် အဝေးမှလာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များ လူပေါင်းတစ်သောင်းကျော် မန်စီရင်ပြင်တွင်...
ဖနွမ်းပင်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ဧပြီ ၁၃ ရက်မှ ၁၆ ရက်သည် ကမ္ဘောဒီးယားနိုင်ငံ၏ နှစ်သစ်ကူးဖြစ်သော ဆုန်ခရန်ပွဲတော်ကျင်းပသည့် ကာလဖြစ်သည်။ ဆုန်ခရန်ပွဲတော်သည် ကမ္ဘောဒီးယား၏ အရေးကြီးဆုံး ရိုးရာပွဲတော်များအနက် တစ်ခုဖြစ်ပြီး ယင်းကာလတွင် လူအများက ရေပက်ကစားခြင်း စသည့် ဆုမွန်ကောင်းတောင်း လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိသည်။...