ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ၂၀၂၃ခုနှစ် အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သော တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)တင်ပို့မှု ထိန်းချုပ်ရေး လုပ်ဆောင်ချက်များကို ပြင်ဆင်ရန် မကြာသေးမီက အမေရိကန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာချက်အပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်က တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှု ထိန်းချုပ်ရေး...
ဂျီနီဗာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) စွန့်ပစ်အမှိုက်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရေး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မတ် ၃၀ ရက်တွင် တောင်းဆိုခဲ့သည်။ မတ် ၃၀ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ စွန့်ပစ်အမှိုက် ကင်းစင်ရေးနေ့ အတွက် ရုပ်သံမိန့်ခွန်းတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာကြီး၏ ဘေးဖြစ်စေနိုင်သောအခြေအနေများကို...
ဂျေရုဆလမ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အစ္စရေးပြည်သူများက အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ရာထူးမှဆင်းပေးပြီး ပါလီမန်ရွေးကောက်ပွဲ ကျင်းပပေးရန် မတ် ၃၁ ရက် ညနေပိုင်းတွင် အနောက် ဂျေရုဆလမ်၌ အကြီးစား ဆန္ဒပြလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာဒေသ ပဋိပက္ခများ...
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ 5G မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်မှာ ဖေဖော်ဝါရီလကုန်အထိ ၈၅၀ သန်းရှိလာကြောင်း တရားဝင်အချက်များအရ သိရသည်။ အဆိုပါ အရေအတွက်သည် တရုတ်နိုင်ငံ၏ အဓိက ဆက်သွယ်ရေးအော်ပရေတာ သုံးခုကို အသုံးပြုသည့် စုစုပေါင်းမိုဘိုင်းစာရင်းသွင်းသူ အရေအတွက်၏ ၄၈ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည်။...
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတကာ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးပူးပေါင်းမှုအဖြစ် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ မြောက်ပိုင်း မူဆယ်ဒေသတွင် လက်တွဲဆောင်ရွက်ခဲ့ရာ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုကျူးလွန်သည်ဟု သံသယရှိသူ ၈၀၇ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဧပြီ ၁...
ကဘူးလ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်နိုင်ငံသားနှစ်ဦးအား ဖမ်းဆီးထားကြောင်း အာဖဂန်ယာယီအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က အတည်ပြုပြောကြားထားကြောင်း ဒေသတွင်းမီဒီယာက မတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။ နိုင်ငံ၏တရားဥပဒေကို ချိုးဖောက်ခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံသားနှစ်ဦးအပါအဝင် နိုင်ငံခြားသားအများအပြားအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်၏ ပြောဆိုချက်ကို...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂၂၅၈ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၃,၈၅၃,၆၀၀ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁.၄.၂၀၂၄) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR က ယနေ့(မတ် ၃၁ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်...
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ရှိ သက်တမ်းအကြာဆုံးရှိပြီဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ နှစ်စဉ်လာရောက်လည်ပတ်သူ ၁ ဒသမ ၅ သန်းခန့်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၁,၂၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMARက ထုတ်ပြန်သော သတင်းအရ သိရသည်။